Skip to main content

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Sajjad Mohammad Sajid ကို လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)၏ အကြီးအကဲ Mr. Sajjad Mohammad Sajid ဦးဆောင်သောအဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Under Secretary General Mr. Martin Griffiths ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှု၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် UNOCHA တို့အကြား သဘောတူညီမှုစာလွှာ (LoA) သက်တမ်းတိုးရေးကိစ္စ၊ ပြည်ဝင်ဗီဇာဆိုင်ရာကိစ္စ၊ ပြည်တွင်းခရီးသွားလာခွင့်ကိစ္စ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အသင်းအဖွဲ့မှတ်ပုံတင်ရေးဆိုင်ရာကိစ္စ၊ ဝန်ကြီးဌာနနှင့် UNOCHA တို့အကြား ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်ဖော်ပြမှုများတွင် နိုင်ငံတော်ကထုတ်ပြန်ထားသည့် ကိန်းဂဏန်းများ၊ မြေပြင်အခြေအနေမှန်များကို ထင်ဟပ်ဖော်ပြနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်