Jan 06, 2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများ စုစုပေါင်း ၅၅ ခန်းနှင့် ဂုဏ်ပြုယာဉ် စုစုပေါင်း ၄၈ စီးကို ဇန်နဝါရီ ၄ ရက် မှ ၈ ရက်အထိ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်းပြသလျက်ရှိရာ ဇန်နဝါရီ ၅ ရက်တွင် ပြည်သူများ တစ်ခဲနက်လာရောက်လေ့လာကြည့်ရှုနေမှုများကို ဖော်ပြအပ်ပါသည်။ ဓာတ်ပုံမှတ်တမ်း - သက်အောင်
Jan 06, 2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ရှေ့ တပေါင်းကွင်း၌ ဒုတိယနေ့အဖြစ် ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲ ခဲ့ကြသူများနှင့် ပြည်သူများ တစ်ခဲနက် လာရောက် လေ့လာကြည့်ရှုကြသည်။
Jan 06, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 06, 2023
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည်တော်ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဒုတိယနေ့အဖြစ် ဆက်လက်ခင်းကျင်းပြသလျက်ရှိသည်။
Jan 06, 2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသားကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။
Jan 06, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါ နိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
Jan 06, 2023
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကိုယ်စားပြု ဂုဏ်ပြုယာဉ်တည်ဆောက်ရေးဆပ်ကော်မတီတို့အား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့မွန်းလွဲ (၃) နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်းအတွင်းရှိ ပြခန်းများကွပ်ကဲရေးမှူးရုံး၌ ကျင်းပသည်။
Jan 06, 2023
မြို့နယ်အခွန် ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်း၊ အမှတ်စဉ် (၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီး ဌာန၌ ကျင်းပသည်။
Jan 06, 2023
နေပြည်တော် ဇန်နဝါရီ ၅ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဒုတိယနေ့အဖြစ် ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့် ပြည်သူများတစ်ခဲနက် လာရောက်လေ့လာ ကြည့်ရှုကြသည်။
Jan 06, 2023
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
Jan 06, 2023
“လွတ်လပ်ရေးဆိုတာ ဖျတ်ခနဲဆုံးရှုံးသွားတတ်တဲ့သဘောရှိပြီး ဆုံးရှုံးသွားပြီးမှ ပြန်လည်ရယူဖို့ ကြိုးစားတာဟာ နှစ်နဲ့ချီပြီး ကြာရှည်တတ်တဲ့သဘောရှိပါတယ်။ ဒါကြောင့်မို့လို့ လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာ ကမ္ဘာတည်သရွေ့ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ အတူလက်တွဲပြီး ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြဖို့ အလေးအနက်ထား တိုက်တွန်းပြောကြားအပ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားခဲ့သည်။
Jan 06, 2023
ဒီမိုကရေစီဟူသော ဝေါဟာရသည် မိမိတို့နိုင်ငံတွင် လွန်ခဲ့သော ၃၅ နှစ်ခန့်မှ စတင်၍ ကျယ်ကျယ်လောင်လောင် ပေါက်ကွဲပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က နိုင်ငံတွင် ကျင့်သုံးခဲ့သည့် တစ်ပါတီနိုင်ငံရေး၊ ဗဟိုဦးစီးစနစ်နှင့်စီမံကိန်းချ ဆိုရှယ်လစ်စီးပွားရေးတို့၏ မအောင်မမြင်ဖြစ်မှုများအပေါ် ပြည်သူလူထုက ငြီးငွေ့လာပြီး လိုလားနှစ်သက်ခြင်းမရှိတော့ ခြင်းနှင့်အတူ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီးအောင်မြင်နေသည့် နိုင်ငံများကိုအားကျကာ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးဆီသို့ တိမ်းညွတ်လာကြခြင်းဖြစ်သည်။
Jan 05, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jan 05, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၄-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၈၃၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၄)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၁) ရာခိုင်နှုန်း ရှိပါသည်။
Jan 05, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး၊ အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်တို့က ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းခံရသည့် အငြိမ်းစားသံအမတ်ကြီးများ၊ ပြည်ပနိုင်ငံများတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရ သံအမတ်ကြီးများ၊ ဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိကြီးများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel တွင် ကျင်းပသည်။
Jan 05, 2023
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Mongkol Visitstump ဦးဆောင်သောအဖွဲ့ကို လက်ခံတွေ့ဆုံသည်။
Jan 05, 2023
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
Jan 05, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Jan 05, 2023
KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ နှောင့်ယှက်ပိတ်ဆို့ထားသည့် ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီး တစ်လျှောက်ကို တပ်မတော်စစ်ကြောင်းများက ယနေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် အဆိုပါလမ်းမကြီးတစ်လျှောက်တွင် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာလျက်ရှိကြောင်း သိရှိရသည်။
Jan 05, 2023
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့၏ အရှေ့ဘက်မီတာ ၁၄၀၀၀ ခန့်အကွာ ပေါက်-ပခုက္ကူသွားကားလမ်း ယောချောင်း၊ ရေပြာတံတားတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များကို ယနေ့နံနက် ၅ နာရီ မိနစ် ၄၀ ခန့်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သာလွန်အင်အား အသုံးပြု၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်လာခဲ့သည်။