Skip to main content

Feb 06, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံ့တာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူအချို့က အပြုသဘောမဆောင်သော သတင်းထုတ်ပြန်မှုများပြုလုပ်ခဲ့သည်ကို စိတ်ပျက်ဖွယ်ကြားသိခဲ့ရပါသည်။ မြန်မာနိုင်ငံအပေါ် အစဉ်တစိုက် အကောင်းမမြင်သော သဘောထားရှိသောသူများ၏ ပြောဆိုချက်များမှာ အထူးအဆန်းမဟုတ်သော်လည်း အမှန်တရားကို မျက်ကွယ်ပြုပြီး တစ်ဖက်သတ် ဘက်လိုက်ပြောဆိုချက်များကိုမူ လက်မခံတုံ့ပြန်ကန့်ကွက်ပယ်ချ ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2023

မည်သည့် နိုင်ငံတွင်မှ လူမျိုးတစ်မျိုးတည်းမရှိ။ အမျိုးဘာသာ သာသနာတို့သည်လည်း ရောနှော ပျံ့နှံ့လျက်ရှိကြမြဲပင်ဖြစ်သည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရားနှင့် ပြောဆိုသည့် ဘာသာစကားတို့ကို အလေးထားအပ်သော်လည်း အရေးကြီးဆုံးမှာ အေးအတူပူအမျှ၊ ကောင်းတူ ဆိုးဖက်ပူးပေါင်းနေထိုင်လိုသော အစဉ်အလာဆန္ဒနှင့်ဝံသာနု ရက္ခိတခေါ် အမျိုးစောင့်တရားပင် ဖြစ်သည်။ “လူမျိုးဆိုသည်မှာ သုခဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်လေသည်။”ဟူ၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးအား ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသား ၆၇၉ ဦးတို့အနက် ကော့သောင်းမြို့မှ မိုင်ပေါင်း ၄၅၅ မိုင်ခန့်ကွာဝေးသည့် ရန်ကုန်တိုင်းဒေသကြီးမှ နေရပ်ပြန်မြန်မာနိုင်ငံသား ၁၁၈ ဦးအား မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ကျန်စစ်သား) ဖြင့် ခေါ်ဆောင်လာခဲ့ရာ ယနေ့မွန်းလွဲပိုင်း ၁၄၀၀ ချိန်တွင် ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ရောက်ရှိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန်ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့ နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန်နှင့်တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား လှိုင်သာယာစက်မှုဇုန်၊ ကနောင်ခန်းမ၌ တွေ့ဆုံ၍ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၄-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၉၄၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၇) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

ကယားပြည်နယ်အတွင်း KNPP အဖွဲ့နှင့် KNDF အမည်ခံအကြမ်းဖက်သမားများ၏ အုပ်ချုပ်ရေး အဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများ၊ ဆေးရုံ၊ ကျောင်းများနှင့် လူနေအဆောက်အဦများအပေါ် လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းစသော အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများအပေါ် မြို့နေပြည်သူများက ကျေနပ်မှုမရှိသဖြင့် ၎င်းတို့ အခြေပြုရာစခန်းကို သတင်းအတိအကျ ပေးပို့လာမှုအရ တပ်မတော်စစ်ကြောင်းများက လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများရယူ၍ အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု( Counter - Terrorism Action) အပေါ် မီဒီယာကျင့်ဝတ်နှင့် မညီသောမီဒီညာ၊ မီဒီယာလိမ်များက သတင်းအမှားများဝါဒဖြန့်ချိလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ပြင်ဦးလွင်မြို့နယ် ပြင်စာအုပ်စု သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်တွင်ပြုလုပ်သော အခွန်လွတ်သာသနာ့ဂရန် ဆက်ကပ်လှူဒါန်းပွဲသို့ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းကရောက်ရှိရာ အဆိုပါကျောင်းတိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇဝနအား ဖူးမြော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပသည့် ရုပ်ရှင်ဖလင်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်နေမှုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြရသည်။ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုရှိပါမှ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရည်မှန်းချက်များနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများကို ချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မျက်မှောက်ကာလတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ပါ “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို အကောင် အထည်ဖော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2023

နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်လာစေရေးမျှော်မှန်းကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ တည်နေရာအားဖြင့် အရှေ့ရိုးမနှင့် အလယ်ရိုးမကြားတွင်ရှိပြီး အကျယ်အဝန်းစတုရန်းမိုင် ၂၇၂၄ မိုင်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေတွင် စိုက်ပျိုး မြေဧရိယာဧကစုစုပေါင်း ၃၂၀၀၀၀ ကျော်ရှိနေသည်။ စစ်တောင်းမြစ်ဖျားပိုင်းဖြစ်သည့် ပေါင်းလောင်းမြစ်နှင့် ဆင်သေချောင်း၊ ငလိုက်ချောင်း အစရှိသည့် ချောင်း၊ မြောင်းများ၊ ရေဆင်းဆည်၊ ငလိုက်ဆည်၊ ဆင်သေဆည် စသည်တို့အပါအဝင် ရေလှောင်တမံ၊ ဆည်၊ ကန်များတည်ရှိနေရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့အတွက် လိုအပ်ချက်များပြည့်စုံသည်။

ဆက်လက်ဖတ်ရှုရန်