နေပြည်တော် စက်တင်ဘာ ၂၈
အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop) နှစ်ခုကို စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ တပ်မတော်ဆေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။ မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ (ခုတင်- ၇၀၀) ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၌ သုတေသနစာတမ်း ၇၂ စောင်၊ သုတေသနလုပ်ဆောင်ချက် ပိုစတာ ၁၁၄ ခု၊ Symposium of the Conference တစ်ခု၊ Major Symposium တစ်ခု၊ Symposium ၂၁ ခု၊ Clinicopathological Conference တစ်ခု၊ Clinical Session တစ်ခု၊ Special Talk ၁၀ ခု၊ Debate တစ်ခုတို့ကို ပြည်တွင်း/ ပြည်ပမှ သုတေသီများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူ/ဆေးမှူးများနှင့်သူနာပြုများက ဖတ်ကြားတင်သွင်း ဆွေးနွေးကြမည်ဖြစ်သည်။
မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထား သည့် အငြိမ်းစားအရာရှိကြီး/ အရာရှိများ၊ ပါမောက္ခဆရာကြီး/ဆရာမကြီးများ၊ နှီးနှောဖလှယ်ပွဲ အစီအစဉ်တွင် ပါဝင်သည့်အရာရှိကြီး/ အရာရှိများ၊ Symposium/ စာတမ်း/ ပိုစတာ Present ပြုလုပ်မည့်သူများမှအပ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသည့် အငြိမ်းစားအရာရှိကြီး/ အရာရှိများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများနှင့် သူနာပြုများအနေဖြင့် Online မှ တက်ရောက်နိုင်မည်ဖြစ်ပြီး www.dsmrdc.org တွင် ဝင်ရောက်ကြည့်ရှု ၍ Registration ပြုလုပ်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်