ရန်ကုန် အောက်တိုဘာ ၁၆
နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)၌ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ်(၉)နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကေတုမတီခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့်တကွတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
တိုက်တွန်းမှာကြား
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်ကအရာရှိ ကြီးများအနေဖြင့် သင်တန်းက သတ်မှတ်ထားသော စည်းကမ်းများကို အသိရှိရှိဖြင့် လိုက်နာရန်လိုအပ်ပါကြောင်း၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုအရည်အသွေးတိုးတက်လာအောင် မိမိကိုယ်ကိုလေ့လာဆန်းစစ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ စီမံအုပ်ချုပ်မှုယန္တရားအတွင်း မိမိကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ရုံမက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်မည်
ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်းအမှတ်စဉ်(၉)သို့ သင်တန်းသား ၁၁ ဦး၊ သင်တန်းသူလေးဦး စုစုပေါင်း ၁၅ ဦး တက်ရောက်ကြပြီး အဆင့်မြင့် အရာထမ်းသင်တန်းအမှတ်စဉ် (၂၃) သို့သင်တန်းသား ၂၃ ဦး၊ သင်တန်းသူ ၁၂ ဦး စုစုပေါင်း
၃၅ ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ အောက်တိုဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၈ ရက်ထိ ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်