Skip to main content

ဓာတ်ခွဲနမူနာစုစုပေါင်း ၂၉၅၄ ခု စစ်ဆေးပြီးစီး ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တစ်ဦးတွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ (၁၅-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၉၅၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁)ဦး တွေ့ရှိရသည်။

ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်း ဖြစ်သည်။  ယနေ့ တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါ။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ www. moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန