Skip to main content

ပဲခူးတိုင်းဒေသကြီး လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇွန် ၂၀ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ဝါးကတုတ် ရေလှောင်တမံ ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် မိုးရာသီအတွင်း ရေလှောင်တမံများ၊ ရေဘေးကာကွယ်ရေးတာများ၏ ရေဘေးကာကွယ်ရေးနှင့် ရေကြီးရေလျှံ လျော့ပါးစေရေးအတွက် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက် (EPP - Emergency Pre-paredness Plan) အတိုင်း ကြိုတင်ကာကွယ်မှုများ အလေးထားဆောင်ရွက်ကြရန်၊ မိုးသီးနှံများ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ ဓာတ်မြေဩဇာ သုံးစွဲမှုလျှော့ချပြီး သဘာဝမြေဩဇာနှင့် မြေဆွေးပုံများ ပိုမိုတိုးတက်ထုတ်လုပ်သုံးစွဲရေးနှင့် စာရင်းဇယားမှန်ကန်ရေး အလေးထားဆောင်ရွက်ကြရန်၊ လယ်ယာမြေ အဆင့်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသေးစိတ်မြေပြင် ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်၍ မြေပြင်အနေအထားပေါ် မူတည်ပြီး ရေစီးရေလာအနေအထား၊ ရေဝပ်နိုင်မှု ရှိ မရှိ၊ ရေထုတ်နုတ်မှု ကောင်းမွန်အောင် ရေနုတ်မြောင်း စနစ်ပါ ထည့်သွင်းစဉ်းစားနိုင်ရေး သက်ဆိုင်ရာဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်