ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်း ကျင်းပ
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ၌ တရားစွဲဆို လျှောက်ထားမှုကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကြားဖြတ် အစီအမံ (Provisional Measures) ချမှတ်မည်ဟု သိရှိရသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်းကို ထုတ်လွှင့်ခဲ့သည်။