အသည်းရောင်ရောဂါ ကင်းဝေးဖို့ ရင်းနှီးမြှုပ်နှံဆောင်ရွက်စို့
ကမ္ဘာပေါ်တွင်အသည်းရောင်အသားဝါရောဂါများကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုး ငါးမျိုးမှာ အေ၊ ဘီ၊ စီ၊ ဒီ နှင့် အီးတို့ ဖြစ်ပါသည်။ အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးတို့သည် ကူးစက်ဖြစ်ပွားနှုန်းပြင်းထန်ပြီး တစ်ချိန် တွင် အသည်းရောင်ခြင်း၊ အသည်းပျက်စီးခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့ ဆက်လက်ဖြစ်ပွား နိုင်ပါသည်။ လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ ဘီပိုးနှင့်စီပိုး ကူးစက်ခံထားရသူပေါင်း ၃၂၅ သန်းခန့်ရှိပြီး တစ်နှစ်လျှင် ၁ ဒသမ ၄ သန်းခန့် သေဆုံး လျက်ရှိပါသည်။ ကူးစက်ခြင်း ခံရမှုနှုန်းသည် အိတ်ချ်အိုင်ဗွီ ပိုးထက် ကိုးဆခန့်ပိုများပြီး တီဘီရောဂါပြီးလျှင် သေဆုံးမှု နှုန်း ဒုတိယအများဆုံးဖြစ်