May 18, 2025
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးမြို့ DownTown Area တွင် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပြိုကျ ပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံများ ဖယ်ရှားရှင်းလင်းနေမှု၊ ၂၀၂၅ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲစာဖြေဌာနကျင်းပမည့် နေရာ၊ Container House များ နေရာချထားတည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆးသည်။
May 18, 2025
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည်။
May 18, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) ကို မေ ၁၅ ရက် မွန်းလွဲပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးထိန်လင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက် အတွင်းရေးမှူး (၂)၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဘဏ္ဍာရေးမှူးနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
May 18, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် မေ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိ နည်းပညာတက္ကသိုလ် (မှော်ဘီ) နှင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်နှင့် ပုသိမ်ခရိုင်တို့ရှိ POLYTECHNIC UNIVERSITY (MAUBIN) ၊ အစိုးရ နည်းပညာအထက်တန်းကျောင်း (မအူပင်)၊ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၊ နည်းပညာတက္ကသိုလ် (ပုသိမ်) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 18, 2025
စိုက်ပျိုးရေးသုတေသနဦးစီးဌာနက အပတ်စဉ်စနေနေ့တိုင်းကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ်စုဝေးဆောင်ခန်းမ၌ (၆၈) ကြိမ်မြောက် ကျင်းပရာ ကျေးလက်တောင်သူများ ပူးပေါင်းပါဝင်သော အပင်မျိုးမွေးမြူနည်း Farmer Participatory Plant Breeding (PPB) ခေါင်းစဉ်ဖြင့် ပို့ချဆွေးနွေးကြကြောင်း သိရသည်။
May 18, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်ရှိ ရာဂီမုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဓာတ်အားအမြန်ထုတ်လုပ်ပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံနှင့် စက်များပြန်လည်ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 18, 2025
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၏ Grade-10, Grade-11, Grade-12 တန်းစဉ်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်သင်ကြားပို့ချကြမည့် ဆရာ ဆရာမများအတွက် ဖွင့်လှစ်သည့် သင်ကြားရေးမွမ်းမံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သင်တန်းခန်းမ၌ ကျင်းပသည်။
May 18, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၄၇ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
May 18, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ ညနေပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းအုပ်၊ ဆရာ ဆရာမများ၊ လက်ရက်ကန်းခြောက်လသင်တန်းတက်ရောက်နေသော သင်တန်းသူ သင်တန်းသားများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားပြီး သင်တန်းသူများ လက်တွေ့ဆောင်ရွက်နေသည့် လက်ရက်ကန်းဖြင့် ပအိုဝ်းခေါင်းပေါင်း၊ ဓနုလုံချည်နှင့် ဒေသခံတိုင်းရင်းသားဝတ်စုံများ ရက်လုပ်နေမှုကိုလည်းကောင်း၊ စက်ရက်ကန်းရက်လုပ်ခြင်း၊ ချားပုတ်ခြင်း၊ ချည်ချခြင်းနှင့် ဂျပ်ခုတ်လုပ်ငန်းလက်တွေ့သင်ယူနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးသည်။
May 18, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် မေ ၁၇ ရက်အထိ သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၁ ဦး ရှိသည်။
May 18, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
May 18, 2025
(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ မေ့ဆေးညီလာခံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပသည်။
May 18, 2025
ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက Naypyitaw State Polytechnic University ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
May 18, 2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ ညနေပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်အတူ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမအဆောက်အအုံ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ထိခိုက်ပျက်စီးသည့် အစိတ်အပိုင်းများအား စနစ်တကျဖယ်ရှားရှင်းလင်းရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းများ အမြန်ပြီးစီးအောင် ပြုပြင်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
May 18, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရေး ရည်ရွယ်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးလျက်ရှိသည့် အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
May 18, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ရှမ်းပြည်နယ်၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် စက်ရုံရှိ Air Separation Unit ၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများအား စစ်ဆေးရန်နှင့် အပြီးသတ်စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ TPE Co., Ltd. မှ ကျွမ်းကျင်ပညာရှင်များကို တွေ့ဆုံသည်။
May 18, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖျာပုံခရိုင် ဖျာပုံမြို့နယ် အောက်ကွင်းကြီးမျိုးသန့်ခြံ၌ ပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
May 18, 2025
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ဒေသများရှိ နိုင်ငံတော်ပိုင်အဆောက်အအုံများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ အမြောက်အမြားပျက်စီးဆုံးရှုံးခဲ့ရခြင်းနှင့်အတူ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ပြီး နောက်ဆက်တွဲစီးပွားရေးအခင်းအကျင်းများအတွက် အခက်အခဲများစွာနှင့် စိန်ခေါ်မှုများစွာကြုံတွေ့လာနိုင်မှုများကို ဝိုင်းဝန်းဖြေရှင်းကြရမည်ဖြစ်သည်။
May 18, 2025
ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ မိမိတို့နိုင်ငံအတွင်းကို ဝင်ရောက်လာခဲ့ခြင်း၊ ယင်းနောက် ပြည်တွင်း၌ နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ ဖြစ်ပေါ်ခဲ့သော မငြိမ်မသက်မှုများ၊ နှစ်စဉ်လိုလို ဆက်တိုက်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်ကြီးများနှင့် ယခုနောက်ဆုံးဖြစ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးမြေငလျင်ကြီး စသည်တို့က နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားစွာ ထိခိုက်စေသည်။ တစ်ခုပြီးတစ်ခု ကျရောက်ခဲ့သည့် ကပ်ဘေးတို့က ဖျက်ဆီး၍ ပျက်စီးဆုံးရှုံးရခြင်း၊ ၎င်းအပျက်အစီးများကို ပြန်လည်ပြုပြင်ရခြင်း၊ အစားထိုးတည်ဆောက်ရခြင်းတို့က နိုင်ငံ၏ အရင်းအမြစ်များကို များစွာယုတ်လျော့သွားစေသည်။
May 17, 2025
နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိနေသော အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသား၊ နည်းပြ/အုပ်ချုပ်သူ ၉၀၁ ဦးတို့သည် နေပြည်တော်ကောင်စီနယ်မြေတွင် လေ့လာရေးခရီးစဉ်များ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သတ္တသတ္တာဟမဟာဗောဓိစေတီတော်ကြီးနှင့် သံဝေဇနိယလေးဌာနသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုကြသည်။