Skip to main content

May 19, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ မေ ၁၈ ရက်တွင် ၄၈ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2025

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2025

ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ရာသီမရွေး ကူးစက်ကျရောက်ဖြစ်ပွားတတ်သဖြင့် မိမိတို့ကြက်၊ ဘဲ၊ ငုံးခြံများတွင် အဆိုပါရောဂါကူးစက်ကျရောက်ခြင်း မရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန်လိုအပ်ပါသည်။ ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

May 19, 2025

လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကို ဖော်ပြသည့်ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီးအကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2025

တောင်ယာခုတ်ထွင်မီးရှို့ခြင်း၊ ရိုးပြတ်များမီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းကြောင့် ထိခိုက်နိုင်မှုများ

ဆက်လက်ဖတ်ရှုရန်

May 19, 2025

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရာတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးအတွက် ပျဉ်းမနားမြို့နယ် ပြူတွင်းကျေးရွာရှိ ဓမ္မာရုံ၌ သမဝါယမအသင်းလေးသင်းမှ အသင်းသား တောင်သူ ၃၁ ဦး၊ ဌာနဝန်ထမ်း ၁၅ ဦး၊ မြောက်လွတ်ကုန်းကျေးရွာရှိဓမ္မာရုံ၌ သမဝါယမအသင်းသုံးသင်းမှ အသင်းသား တောင်သူ ၄၀ တို့အား မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2025

နေပြည်တော်ကောင်စီနယ်မြေသို့ရောက်ရှိနေသော ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်း စခန်း ၁၁ ခုမှ သင်တန်းသား၊ နည်းပြ/အုပ်ချုပ်သူ ၉၂၃ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် သတ္တသတ္တာဟမဟာဗောဓိ စေတီတော်ကြီးနှင့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ယနေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center ၌ကျင်းပသော (Urban Health Center-UHC) ဒေသန္တရကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံကြံ့ခိုင်မှုအခြေအနေနှင့် ရေဝင်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2025

မန္တလေးငလျင်ကြီးဘေးဒဏ်သင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် အဘိဓမ္မဓရ အကယ်ဒမီခန့်စည်သူက စားသောက်ဖွယ်ရာများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက စီစဉ်ခွဲဝေပေးထားသည့် Modular House များကို ဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထားနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပိုင် မြေနေရာများ၌ ငလျင်ဘေးသင့်ဝန်ထမ်းမိသားစုများ နေထိုင်နိုင်ရန်အတွက် တည်ဆောက်နေမှုလုပ်ငန်းခွင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2025

ပေါ်ထွက်နေသော မူးယစ်ဆေးဝါးအမျိုးမျိုးတို့သည် ကမ္ဘာပေါ်ရှိနိုင်ငံများအား ခြိမ်းခြောက်နေသော အန္တရာယ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအန္တရာယ်ကို စဉ်ဆက်မပြတ် တိုက်ဖျက်လျက်ရှိသော်လည်း အမြစ်မပြတ်နိုင်ဘဲ ဆက်လက်ကြီးထွားနေသည်ကို နေ့စဉ်ဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းများက သက်သေပြလျက်ရှိသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆင်ရေးအသွင်အမျိုးမျိုးဖြင့် ရှာဖွေဖော်ထုတ်တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2025

ဆန်စပါးသည် မိမိတို့နိုင်ငံ၏ အရေးကြီးသောသီးနှံဖြစ်ပြီး ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပိုလျှံသည်ကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် အရည်အသွေးကောင်း တန်းမြင့်ဆန်များ ပိုမိုထုတ်လုပ်နိုင်ဖို့လိုသည်။ နှစ်စဉ်ဆန်စပါးထုတ်လုပ်မှုမှ ၈၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းစားသုံးမှုနှင့် စားသောက်ကုန်များထုတ်လုပ်မှုတို့တွင်သုံးစွဲပြီး ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြည်ပသို့တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ ဆန်စပါးအပါအဝင် အခြားသီးနှံများကို ပိုမိုထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းအားဖြင့် နိုင်ငံအတွက် ဝင်ငွေတိုးကာ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကိုလည်း ပိုမိုမြင့်တက်လာစေမည်ဖြစ်သည်။ ဂျီဒီပီမြင့်တက်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်းဟု ဆိုနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2025

မေ ၁၅ ရက် ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ် အမှတ် (၄) ရပ်ကွက်တွင် လမ်းလျှောက်လာသူ မောင်လှဝင်း၊ မောင်မြသန်းနှင့် ညိမ်းကိုတို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့သုံးဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၃၈၀) သိမ်းဆည်းရမိသဖြင့် မောင်လှဝင်း (၃၈) နှစ်၊ မောင်မြသန်း (၃၇) နှစ်နှင့် ညိမ်းကို (၂၅) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။      

ဆက်လက်ဖတ်ရှုရန်

May 18, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 18, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2025

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးမြို့ DownTown Area တွင် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပြိုကျ ပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံများ ဖယ်ရှားရှင်းလင်းနေမှု၊ ၂၀၂၅ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲစာဖြေဌာနကျင်းပမည့် နေရာ၊ Container House များ နေရာချထားတည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆးသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2025

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) ကို မေ ၁၅ ရက် မွန်းလွဲပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးထိန်လင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက် အတွင်းရေးမှူး (၂)၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဘဏ္ဍာရေးမှူးနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်