Sep 04, 2024
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
Sep 04, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်တို့သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကယားပြည်နယ်တို့မှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
Sep 04, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မကွေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြို့သစ်မြို့နယ်ရှိ အောင်နိုင်သူဝါကြိတ်စက်သို့ ရောက်ရှိပြီး ဝါဖန်စက်များဖြင့် ဝါဂွမ်းအထုပ်များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Sep 04, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 04, 2024
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄ နှင့် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၄ တို့ဖြင့် The Myanmar National Democratic Alliance Army (MNDAA) ၊ Ta'ang National Liberation Army (TNLA) နှင့် United League of Arakan (ULA)/ Arakan Army (AA) လက်နက်ကိုင်အဖွဲ့များအား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပါသည်။
Sep 04, 2024
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆယ်နှစ်တစ်ကြိမ် ကောက်ယူလေ့ရှိသည်။ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့ပြီး ဆယ်နှစ်ပြည့်မြောက်သည့် လာမည့်အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းလုံးတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကောက်ယူတော့မည်ဖြစ်သည်။
Sep 04, 2024
နိုင်ငံအင်အားတောင့်တင်းခိုင်မာရေးတွင် စီးပွားရေးမှာ အခြေခံအကျဆုံးဖြစ်သည်။ စီးပွားရေးကောင်းမွန်မှ၊ စီးပွားရေးအင်အားတောင့်တင်းခိုင်မာမှ နိုင်ငံရေးအင်အားနှင့် ကာကွယ်ရေးအင်အားတို့လည်း ကောင်းမွန်နိုင်မည်ဖြစ်သည်။ ထို့အပြင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားသုံးရပ်မှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲပြုနေခြင်းဖြစ်သည့်အလျောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဆိုပါအင်အားသုံးရပ်တို့ကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လည်း လိုသည်။
Sep 03, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ရောက်ရှိနေသည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးသည်။
Sep 03, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 03, 2024
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။