Skip to main content

Sep 28, 2024

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာမှ ဖခင်နှင့် သမီးငယ်တို့ ၂ ဦးသည် ကျေးရွာရှိ တောရဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ရန် သွားရောက်စဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ဖခင်ဖြစ်သူနှင့် အသက် ၄ နှစ်အရွယ်သမီးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2024

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် စက်တင် ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်းသို့ရောက်ရှိရာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဒလသင်္ဘောကျင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု၊ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ဒလသင်္ဘောကျင်းအထိမ်း အမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်လျက်ရှိသည့် အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2024

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် ထိုင်းနိုင်ငံဗန်ကောက်မြို့၌ စက်တင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သော အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်(APF)၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပရာ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာန ဆိုင်ရာများ၊ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2024

ဒီနေ့မှာတော့ စက်တင်ဘာလ ၂၆ ရက်နေ့ မနေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး မီဒီယာများရဲ့ မေးမြန်းမှုများကို တစ်ပေါင်းတည်း ရှင်းလင်းပြောကြားသွားပါမယ်။ တပ်မတော်အနေနဲ့ နိုင်ငံရေးတာဝန်ရယူခဲ့ရခြင်းရဲ့ အဓိက အခြေခံအကြောင်းတရားကတော့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒါနိုင်ငံရေးအရ မသမာမှုလုပ်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံရေးအရ ညစ်တယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ နိုင်ငံရေးပြဿနာပါ။ ဒါကို နိုင်ငံရေးနည်းအရဖြေရှင်းဖို့ တပ်မတော်က တရားဥပဒေနဲ့အညီ တောင်းဆိုခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၁၅ ကျောင်း၌ မေ ၆ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ ဖွင့်လှစ်ခဲ့သော အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်းများနှင့်အတူ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း (ဘားအံ၊ ပုသိမ်) တို့တွင် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများဖြစ်သည့် ဧည့်ကြို၊ အိပ်ခန်းဆောင်၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှု သင်တန်းဆင်းပွဲများကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ပုသိမ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်း၌ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြော ကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2024

(၄၂) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (42nd ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် လာအိုပြည်သူ့ဒီမိုကရက် တစ်နိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကြီးမှူးကျင်းပလျက်ရှိရာ လာအိုပြည်သူ့ဒီမိုကရက်တစ် နိုင်ငံ၊ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး၏ ဖိတ်ကြားချက်အရ အစည်းအဝေးများသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကို၊ စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး မစ္စစ်ပွန်နမ်ပီရူးမားအာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူးမားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်