Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းဖြင့် အုန်းပင်ကျေးရွာအတွင်း သောက်သုံးရေပေးနေမှုကိုလည်းကောင်း၊ သဘာဝဘေးကြောင့် လယ်ငယ်ချောင်းစပ်တွင်းကျေးရွာမှ ကိုယ်ထူကိုယ်ထဆောင်ရွက်ထားသည့် လက်တူးတွင်းနှင့် ဆိုလာပန့်များ ပျက်စီးခဲ့မှုကိုလည်းကောင်း၊ လက်ရှိကျေးရွာအတွင်း ရေပေးနေသည့် သောက်ရေတွင်းအခြေအနေကိုလည်းကောင်း၊ သဘာဝဘေးကြောင့် ပွဲစားဆည်တမံကျိုးပဲမှုအခြေအနေကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာတွင် စာကြည့်တိုက်အဆောက်အအုံသစ် တည်ဆောက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားကာ စာကြည့်တိုက်အတွက် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် အုန်းပင်ကျေးရွာအနီး ခရီးသွားနေရာအဖြစ်ဖော်ဆောင်ထားသည့် ရှေးဟောင်းသမိုင်းဝင် သားခိုတောင်မဟာအတုလလောကရန်အောင် ဆုတောင်းပြည့်စေတီမြတ်ကြီးအား ပြည်သူများ အဆင်ပြေစွာသွားလာဖူးမြော်နိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းဖောက်လုပ်ထားမှုကို ကြည့်ရှုစစ်‌ဆေးပြီး သားခိုတောင်မဟာအတုလလောကရန်အောင် ဆုတောင်းပြည့်စေတီမြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ အလှူငွေများ လှူဒါန်းသည်။

ထို့နောက် တပ်ကုန်းမြို့နယ် ရွေးစု(မြောက်)ကျေးရွာအနီးတွင် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေ ၁၅၆ ဒသမ ၆၅ ဧကကို နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနက စက်ယန္တရားများဖြင့် သဲနုန်းများဖယ်ရှားခြင်းနှင့် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်