Skip to main content

Oct 16, 2024

ရိုးရာယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ အဆင့်အတန်း၊ ဂုဏ်ဒြပ်၊ ပုံရိပ်နှင့် သမိုင်းတို့ကို ပြဆိုနေသည်။ ထိုယဉ်ကျေးမှုအဆင့်အတန်း၊ ဂုဏ်ဒြပ်တို့ကို အစဉ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် နိုင်ငံတော်အစိုးရက အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကျင်းပကာ မျိုးဆက်သစ်များ ဖော်ထုတ်မြှင့်တင်ပေးခဲ့သည်မှာ (၂၅)ကြိမ်မြောက် ငွေရတုခရီးပင် တိုင်ခဲ့ပြီဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2024

အောက်တိုဘာ ၁၆ ရက်တွင် ကျရောက်မည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အကြို စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ “ပိုမိုကောင်းမွန်သည့်ဘဝနှင့် အနာဂတ်ရရှိရေး၊ လူသားတိုင်း စား‌ရေရိက္ခာပြည့်မီအောင်ဖြည့်ဆည်းပေး” ခေါင်းစဉ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2024

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများ၏ ရင်တွင်းခံစားချက် စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ညနေပိုင်းတွင် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့်ကိုယ်စားလှယ် Ms. Sara Austin Netzer ကို ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2024

မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် “(၁၉)ကြိမ်မြောက်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံ” သို့တက်ရောက်ရန် မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ်တရားသူကြီးချုပ် The Rt. Hon. Tun Tengku Maimun Binti Tuan Mat ၏ဖိတ်ကြားချက်အရ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2024

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2024

နေပြည်တော် အောက်တိုဘာ ၁၅

၂၀၂၄ ခုနှစ်(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီး၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို တက်ရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဇနီးသည် ယနေ့ညပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ လဟာပြင်ဇာတ်ရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ “မဟာ ဇနက” ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2024

​​​​​​​(၆)ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံကို အောက်တိုဘာ ၁၄ ရက်က တရုတ်နိုင်ငံ ရှင်းကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုရူမုချီမြို့၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာကိုယ်စားလှယ်အဖွဲ့အပါအဝင် နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှ မီဒီယာအဖွဲ့များ၊ အစိုးရဌာနများနှင့် အခြားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅၀၀ ကျော်၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာမှအဖွဲ့အစည်းများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်