Oct 18, 2024
မဆုရတီထက် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၇ ရက်တွင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ရင်တွင်းခံစားချက်စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
Oct 18, 2024
၂၀၂၄ ခုနှစ်(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
Oct 18, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်၌ တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌ နေပြည်တော် ကောင်စီကကြီးမှူး၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံများလွှတ်တင်ပူဇော်ပွဲကို ယနေ့ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ညနေ ၆ နာရီတွင် ကျင်းပသည်။
Oct 18, 2024
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်းနှင့် တရားဘာဝနာပွားများခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများ၌လည်း ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှုပြုလုပ်၍ သီတင်းသီလဆောက်တည်ကြသူ ရဟန်းရှင်လူပြည်သူများဖြင့် စည်ကားခဲ့သည်။
Oct 18, 2024
မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသည့် မျိုးနွယ်စုကြီးများနှင့်အတူ မျိုးနွယ်ငယ်များ ပေါင်းစည်းနေထိုင်သည့်နိုင်ငံဖြစ်သည်။ ပြည်ထောင်စုသားအားလုံးကို ပေါင်းစည်းခြုံငုံပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် မြန်မာလူမျိုးဟူ၍ ဖြစ်တည်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မြန်မာဟူသည့် တိုင်းရင်းသားသွေးချင်းများ နှစ်ပေါင်းထောင်ချီရှည်လျားသည့် သမိုင်းစဉ်တစ်လျှောက် စည်းလုံးညီညွတ်စွာ အတူတကွနေထိုင်လာခဲ့ကြသည်။
Oct 18, 2024
နိုင်ငံတော်အဆင့် ကျင်းပသည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်း အမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့က ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။ ပြိုင်ပွဲဝင်ပေါင်း ၂၅၀၀ ကျော်နှင့် ရက်သတ္တတစ်ပတ်ကြာ ကျင်းပမည့် ဤပြိုင်ပွဲကြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်စုစုပေါင်း ၁၄ ခုတို့မှ မြန်မာတိုင်းရင်း သားပေါင်းစုံ၊ ရိုးရာဓလေ့ယဉ်ကျေးမှု အနုပညာပေါင်းစုံတို့ လာရောက်ပေါင်းဆုံမိကြခြင်းကြောင့် ဤနေရာ၊ ဤအခိုက်အတန့်တွင် ပြည်ထောင်စု၏သရုပ်ကိုလည်း ပီပီပြင်ပြင်၊ ထင်ထင် ရှားရှားတွေ့ရသည်။ ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သည့် အလျောက် ယဉ်ကျေးသိမ်မွေ့သည့် ဣဋ္ဌာရုံမြင်ကွင်းတို့ကိုသာ နှလုံးစိတ်ဝမ်း အေးချမ်းဖွယ်ရာ တွေ့မြင်ကြရသည်။
Oct 17, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို အောက်တိုဘာ ၁၇ ရက် ယနေ့နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ ဖျက်ဆီးနေသည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမ ဝင်ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Oct 17, 2024
သီတင်းကျွတ်လသည် မြန်မာရာသီ(၁၂)လတွင် သတ္တမမြောက်လဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော်အား မြတ်စွာဘုရားရှင် ဟောကြားပြီးဆုံးသည့်နေ့ ဖြစ်သည့်အတွက် အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် အားလျော်စွာ သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် လေးနက်ထူးခြားသည့် နေ့ထူးနေ့မြတ် ရက်တစ်ရက်လည်းဖြစ်သည်။
Oct 17, 2024
ယနေ့သည် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော် နေ့ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလောင်းလှူခြင်းများကို ပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Oct 17, 2024
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ်မြောက် ဆီမီး(၁၀၀၀)ပူဇော်ပွဲကို ယနေ့သီတင်းကျွတ်လပြည့်နေ့ ညနေ (၁၈:၀၀) နာရီ အချိန်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအနီးရှိ ပြည်တော်အေးစေတီတွင် ကျင်းပပြုလုပ်ခဲ့သည်။