Skip to main content

Oct 17, 2024

ရေဘေးသင့်အိမ်ထောင်စုများသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 17, 2024

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၆ ရက်တွင် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ရင်တွင်းခံစားချက်စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 17, 2024

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ နှစ်စဉ်အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့စားနပ် ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးလှမိုးနှင့် ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဦးစီးဌာနများ၊ တက္ကသိုလ်များမှ ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 17, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌ နေပြည်တော်ကောင်စီကကြီးမှူး၍ ဆီမီး ၃၆၀၀ ထွန်းညှိပူဇော်ပွဲကို ယနေ့ညနေ ၆ နာရီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 17, 2024

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 17, 2024

မြန်မာတို့၏ ၁၂ လရာသီကာလများအနက် သီတင်းကျွတ်လ သီတင်းကျွတ် အခါသမယသည် ဘာသာတရားများ ထုံမွမ်းသော ထူးမြတ်သည့်ကာလဖြစ်သည်။ သီတင်းကျွတ်ကို ဆီမီးတန်ဆောင်းထွန်းညှိပူဇော်ခြင်း၊ ကောင်းမှုအထူးပြုလုပ်ခြင်း၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာပွဲတော်ဆင်နွှဲခြင်းဟု အများပြည်သူတို့က သိမှတ်ထားကြသည်။ တကယ်တမ်းတွင် သီတင်းကျွတ်ကာလအခါသမယကို ထိုထက်မက အထူးပြုကြ၊ အလေးအမြတ်ပြုကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 17, 2024

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓသာသနာတော်တွင် ထူးခြားသည့်နေ့တစ်နေ့ဖြစ်သည်။ ဝါဆိုလပြည့်နေ့မှစ၍ ဝါတွင်းသုံးလ၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ ရဟန်းတော်များ ဝါဆိုဝါကပ်ခြင်း၊ သီတင်းဝါလကျွတ်သည့်ချိန်ခါတွင် ဗုဒ္ဓသာသနာတော်နှင့်ဆက်စပ်၍ ရိုးရာယဉ်ကျေးမှုပွဲများအဖြစ် ဆီမီးမြင်းမိုရ်ပွဲ၊ မီးထွန်းပွဲနှင့် သက်ကြီးဝါကြီးများ ပူဇော်ကန်တော့ပွဲတို့ကို ဆင်ယင်ကျင်းပကြသကဲ့သို့ပင် ဘာသာရေးအနှစ်သာရအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့တွင် “အဘိဓမ္မာအခါတော်နေ့” ကို ကျင်းပကြသည်။ ထို့အပြင် သာသနာ့ဝန်ထမ်းရဟန်းတော်များ၏ သံဃာ့အဖွဲ့အစည်းအတွင်း ဝိနည်းဒေသနာတော်အရ သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပရသည့် “ပဝါရဏာပွဲတော်” မှာလည်း စိတ်ဝင်စားဖွယ်၊ ကြည်ညိုသဒ္ဓါပွားဖွယ်၊ လူ့အဖွဲ့အစည်းအသင်းအပင်းများအတွင်း၌လည်း အတုယူကျင့်သုံးဖွယ်ပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်နေ့အထိ (၁၅) ရက်ကြာ ကောက်ယူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့ညပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ လဟာပြင်ဇာတ်ရုံ၌ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ “မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2024

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားရုံ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်