Nov 11, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပ သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့်(၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ပြည်သူများ အတွက် အထူးကောင်းမွန်သည့် အကျိုးကျေးဇူးရလဒ်များအား ရယူ နိုင်ခဲ့ခြင်း၊ ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခြင်းတို့အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)က အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
Nov 11, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Nov 11, 2024
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်သည်။
Nov 11, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ် ဓာတ်အားထုတ်လုပ်နေမှုနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းတိုးတက်မှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 11, 2024
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကား ပြောကြားသည်။
Nov 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ကျွန်တော်တို့ ဒီလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံမှာ တရုတ်အစိုးရရဲ့ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသ (ဂျီအမ်အက်စ်)အစည်းအဝေး၊ (၁၀)ကြိမ်မြောက်(အက်မက်စ်) အစည်းအဝေး ဧရာဝတီ-ကျောက်ဖရား-မဲခေါင်အစည်းအဝေး၊ (၁၁)ကြိမ်မြောက် (စီအယ်လ်အမ်ဗွီ) အစည်းအဝေးတွေကို တက်ရောက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နောင်နှစ်မှာဆိုရင်(အက်မက်စ်)ကို အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံစုံ(အက်မက်စ်) နိုင်ငံတွေကို ဖိတ်ခေါ်ပြီး လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံကို သွားတဲ့အခါမှာလည်း တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံယူနန်ပြည်နယ်ရဲ့ ပါတီအတွင်းရေးမှူးနဲ့လည်း တွေ့ဆုံခဲ့တယ်။ နောက်ပြီးချုံချင့်ပြည်နယ်ရဲ့ ပါတီအတွင်းရေးမှူးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
Nov 11, 2024
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် ကိုယ်ပိုင်စာပေယဉ်ကျေးမှုများဖြင့် တင့်တယ်စွာနေထိုင်ခဲ့သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှများအားလုံးသည် နေရင်းဒေသအသီးသီးတွင် ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲ၍ စုပေါင်းနေထိုင်လာခဲ့ကြသည်။ ဤသည်ပင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲလာမှုကို သက်သေပြလျက်ရှိသည်။
Nov 11, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တွင် နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်း အဝေးများသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာရာ ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။