Skip to main content

Feb 11, 2020

ဟားခါး    ဖေဖော်ဝါရီ    ၁၂

ချင်းပြည်နယ် ၊ ဟားခါးခရိုင် ထန်တလန်မြို့တွင် ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းကထန်တလန်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဘောလုံးကွင်း၌ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်ခဲ့ကြောင်းသိရသည်။ 

ဆက်လက်ဖတ်ရှုရန်

Feb 11, 2020

လွိုင်ကော်     ဖေဖော်ဝါရီ  ၁၂

၂၀၂၀ ခုနှစ် ၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံရှိ ကျောက်သားရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်ရဲဘော် အပေါင်းတို့အား အလေးပြုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2020

တိုင်းရင်းသားပေါင်းစုံစုစည်းနေထိုင်သည့် မြန်မာနိုင်ငံတွင် ပြည်ထောင်စုကြီးအဓွန့်ရှည်ရန်၊ တိုင်းရင်းသားများ စည်းလုံးချစ်ခင်စွာ အတူတကွနေထိုင်နိုင်ရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်လှသလို ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ရန်အတွက်လည်း ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စုနေ့ဂုဏ်ပြုအထူးအစီအစဉ်အနေဖြင့် ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင်စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2020

ဘားအံ    ဖေဖေါ်ဝါရီ    ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဇွဲကပင်ခန်းမ၌ လူငယ်များ စံပြုထိုက်သော ဗိုလ်ချုပ်ဘဝ ခေါင်းစဉ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2020

ပဲခူး     ဖေဖေါ်ဝါရီ ၁၂

၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ရွှေမော်ဓောအနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နံနက် ၅နာရီခွဲ အချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား စင်မြင့်ပေါ်ရှိ တိုင်ထိပ်တွင်လွှင့်တင်ကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ 

ဆက်လက်ဖတ်ရှုရန်

Feb 11, 2020

မုံရွာ  ဖေဖော်ဝါရီ ၁၂

၂၀၂၀ ပြည့်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းဆပ်ကော်မတီနှင့် မုံရွာမြို့ ရတနာပိုက်ကျော်ခြင်းကလပ်တို့ ပူးပေါင်းကျင်းပသော (၁၈)ကြိမ်မြောက်ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက မုံရွာမြို့ ရုံးကြီးရပ်ကွက် ရတနာအောင်မြေကျောင်းဝန်းအတွင်းရှိ ရတနာပိုက်ကျော်ခြင်းကလပ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-21 (အမျိုးသား) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး နန့်ကြင်ကြည် တို့ တက်ရောက် အားပေးကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2020

ဖက်ဆစ်တော်လှန်ရေးအပြီး ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးကိုပေးရတော့မည့် အချိန်သို့ရောက်လာသည်။ ထိုအခါ မြန်မာနိုင်ငံ လွတ်လပ်ရေးဆိုင်ရာ သဘောတူညီမှုများညှိနှိုင်းရန် ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့်အဖွဲ့ အင်္ဂလန်နိုင်ငံသို့သွားကာ အပြီးသတ် ဆွေးနွေးကြ၏။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2020

ယနေ့သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်သည်။ တစ်တိုင်းပြည်လုံး သွေးစည်းညီညွတ်ကြောင်းကို သက်သေထူပြ နိုင်သည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ ညီညွတ်သော ပြည်ထောင်စုကို သက်သေထူပြနိုင်သဖြင့် လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်ဆိုင်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် ခိုင်မြဲစွာ ရပ်တည်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2020

နန်းမြတ်ထွေး(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)

လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်ကာလက ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများသည် ပြည်မနှင့် တောင်တန်းဒေသများ တစ်ပြိုင်တည်း လွတ်လပ်ရေးရရှိစေရန် အတွက် ဒုတိယအကြိမ် ပင်လုံညီလာခံကို ပင်လုံမြို့၏ အနောက်တောင်ဘက်ရှိ (ယခုပင်လုံ ကျောက်တိုင်ကွင်း)တွင် ကျင်းပခဲ့ပြီး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်