Feb 28, 2020
ဧရာဝတီတိုင်းဒေသကြီးအဆင့် တောင်သူလယ်သမားနေ့ အခမ်းအနားကို ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ၂၀၂၀ ပြည့်နှစ် တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပရန် ဝါးဒူးကျေးရွာ၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဦးလှမိုးအောင်
(ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်)
Feb 28, 2020
ဘူးသီးတောင် ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ရောက်ရှိနေသော ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်သတင်းရယူကြ သည်။
သတင်းမီဒီယာအဖွဲ့သည် ဘူးသီးတောင်မြို့နယ် သီရိမင်္ဂလာရွာမဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင် စခန်း၌ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ များကို ပြုစုစောင့်ရှောက်ထားမှု၊ စခန်းသို့ ရောက်ရှိလာ မှုများနှင့် စပ်လျဉ်း၍ သတင်းရယူကြပြီး ရွာမကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကို သတင်းရယူကြသည်။
Feb 28, 2020
မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ အင်အားကြီး နိုင်ငံကြီး နှစ်နိုင်ငံ အကြားတွင် တည်ရှိနေသည်။ ယင်းသည် ထူးခြားချက်ပင်ဖြစ်သည်။ ရေမြေ သဘာဝနှင့် ယဉ်ကျေးမှု အစဉ်အလာများမှာ ရှေးအစဉ်အဆက်မှ ယနေ့ အထိတိုင် ပေါင်းစည်းယှက်နွှယ် ဆက်သွယ်နေသဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မိသားစုသဖွယ် ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်ရင်းနှီးမှုများ တိုးပွားနေသည်။
Feb 28, 2020
သတင်းနှင့် အချက်အလက်ဆိုင်ရာ မဟာအဝေးပြေး လမ်းမကြီးပေါ်၌ နှစ်ဆယ်ရာစု အကုန်မှစတင်ကာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ယာဉ်အမျိုးမျိုးသည် အားထုတ်မှုအဖုံဖုံဖြင့် အရှိန်မြှင့် မောင်းနှင်လာကြသည်မှာ အပြိုင်း အရိုင်းဖြစ်၏။ အပြိုင်အဆိုင်လည်း ဖြစ်၏။
Feb 28, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၈
(၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Feb 28, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၈
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် -
Feb 28, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၈
အကူသူနာပြု (ပြင်ပ) (၉) လသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင် ၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
Feb 28, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၈
Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
Feb 28, 2020
ဘားအံ ဖေဖော်ဝါရီ ၂၈
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) တွင် တက်ရောက်လျက်ရှိသော ၂၀၁၉-၂၀၂၀ ပညာသင် နှစ်မှ ကျောင်းသား၊ ကျောင်းသူများသည် မြန်မာ့ယဉ်ကျေးမှုအနုပညာများကို စနစ်တကျထိန်းသိမ်းကာ လက်ဆင့်ကမ်း ပြန့်ပွားနိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ ယဉ်ကျေးမှုအဖွဲ့များနှင့် အနုပညာနှီးနှောဖလှယ်ပွဲကို ယမန်နေ့ ည ၇ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
Feb 28, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (၁/၂၀၂၀) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။