Skip to main content

Mar 05, 2020

နေပြည်တော် မတ် ၆

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ဖားဆောင်း  မတ် ၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် နီပွန်ဖောင်ဒေးရှင်း ( စေတနာအဖွဲ့) တို့ ပူးပေါင်းဆောက်လုပ်သည့် ခဲမဖြူကျေးရွာရှိ အမှတ်(၂) အခြေခံမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ပုသိမ်  မတ်  ၆

တိုင်းဒေသကြီး အစိုးရအနေဖြင့် အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး အောင်မြင်မှုများရရှိသော အားကစားသမားများကိုလည်း ဂုဏ်ပြုပေးလျက်ရှိရာ အကြိမ် (၃၀) မြောက် SEA Game ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော တိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

လွိုင်ကော်  မတ်  ၆

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယနေ့နံနက် ၁၀ နာရီအချိန် က ရွှေအင်းသား (မှုံပြာ) ပရဟိတအသင်း မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အသင်းအတွက်လိုအပ် လျက်ရှိသော မိလ္လာပုံး(၂)ပုံးဝယ်ယူ နိုင်ရန်အတွက် ငွေကျပ်(၄)သိန်းအား ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော်  မတ်   ၅

မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် (၆)ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် Horizon Lake View Resort Hotel ၌ ကျင်းပသည်။

ရှင်းလင်းပြောကြား

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ် ၅

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် UNDP တို့ ပူးပေါင်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာန များတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) မှ အဂတိလိုက်စားမှုဖြစ်နိုင်ချေ ဆန်းစစ်မှုအလုပ်ရုံ ဆွေးနွေးပွဲ (Corruption Prevention Risk Assessment Training Workshop) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

ပြောင်းလဲဆောင်ရွက်လျက်ရှိ

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၃/၂၀၂၀) ဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။

၂။ နိုင်ငံတော်သမ္မတက လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့မှာ “ကျွဲကူးရေပါ” ဆိုသလို ထိန်းသိမ်းစောင့်ရှောက်ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေးကို အထူးထိန်းသိမ်းပေးစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ရန်ကုန်   မတ်   ၅

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်သည် အချိန်ပြည့် အလုပ်အမှုဆောင်များ ဖြစ်သည့် ဒေါက်တာတင်ညွန့်နှင့် ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ရခိုင်ပြည်နယ် စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းတို့နှင့်အတူ မတ် ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန် ကြက်ခြေနီအသင်းရုံးချုပ်တွင် အမေရိကန်ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ချီးမြှင့်သည့် “အပြည်ပြည်ဆိုင်ရာ လူမှုကရုဏာလုပ်ငန်းဆု (The International Humanitarian Services Award)” ကို အသင်းကိုယ်စား လက်ခံရယူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ရန်ကုန်  မတ်  ၅

ဗြိတိန်နိုင်ငံ လိုက်ဒန်တက္ကသိုလ်နှင့် မစ်ဒယ်ဆက်စ်တက္ကသိုလ်တို့မှ နိုင်ငံတကာ ဥပဒေပညာရှင် ပါမောက္ခ မစ္စတာ ဝီလျံရှေးဘတ်စ် သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ICJ အတွေ့အကြုံများနှင့် နိုင်ငံတကာ ဥပဒေဆိုင်ရာများကို ဟောပြောသည်။

ဆက်လက်ဖတ်ရှုရန်