Skip to main content

Mar 28, 2020

ညောင်ရွှေ     မတ်     ၂၈

လတ်တလော ကမ္ဘာနှင့်အဝှမ်းကူးစက်ဖြစ်ပွားနေသည့် Coronavirus Disease 2019 (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် ကူးစက်ပြန့်နှံ့မှုလျင်မြန်လျက်ရှိပြီး လူစည်ကားရာနေရာများတွင် ပိုမိုဖြစ်ပွားနိုင်ကြောင်း၊ လူစုလူဝေးမပြုလုပ်သင့်ကြောင်း သက်ဆိုင်ရာမှ အသိ ပေးထုတ်ပြန်ထားပါသည်။ 

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

ရန်ကုန် မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် ပြေးဆွဲ နေသည့် YBS ယာဉ်လိုင်းကုမ္ပဏီများမှ YRTA ထံ ပေးသွင်းရသည့် စီမံခန့်ခွဲမှုရန်ပုံငွေကို မတ် ၂၇ ရက်မှ စ၍ ဧပြီ ၃၀ ရက်အထိ တစ်လကျော်ကြာ ကင်းလွတ် ခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြော သည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

လှည်းကူး         မတ်      ၂၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းတိုးဂိတ်အနီးရှိ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်သို့  ပြည်ပနိုင်ငံများမှ ပြည်တွင်းသို့ ရောက်ရှိလာသူများကို (COVID-19) ရောဂါစောင့်ကြည့်မှုပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နံနက် ၇:၃၀ နာရီအချိန်က လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

မုံရွာ မတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင် လိုက်ပါ၍ ကသာခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့်အတူ   ကသာခရိုင်အတွင်းရှိ အင်းတော်မြို့နယ်နှင့် ကသာမြို့နယ် တို့၌ ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးစက်ရေးအတွက် ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများ ကြိုတင် ဆောင်ရွက် မှုတို့အား ယမန်နေ့  ညနေ(၅) နာရီခွဲက စတင်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်းမာရေးသုံး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

ဧရာဝတီ     မတ်     ၂၈

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ၌ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

ရန်ကုန် မတ် ၂၇

မြန်မာနိုင်ငံတွင် တွေ့ရှိနေသော COVID - 19 ရောဂါ ကာကွယ်ရေးနှင့် တိုက်ဖျက် ရေးလုပ်ငန်းဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးပစ္စည်းနှင့် ရောဂါကာ ကွယ်ရေးပစ္စည်းများစုစုပေါင်း တန်ချိန် ၂ ဒသမ ၄၅ တန်ကို မတ် ၂၆ ရက် ညပိုင်းက CHINA EASTERN လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပို့ဆောင်ကာထောက်ပံ့ပေးကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

နေပြည်တော် မတ် ၂၇

ဖျာပုံမြို့နယ် ဂျိုဝါကြံခင်းကျေးရွာ၌ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတုများအား Wave Money ဖြင့် လွှဲပေးနေကြောင်း သတင်းအရ မတ် ၂၆ ရက် နံနက် ၄ နာရီခွဲတွင် ကျုံကျိုက်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က ကျုံကျိုက်ကျေးရွာမှ ဂျိုဝါကြံခင်းကျေးရွာသို့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၆)ရပ်ကွက်နေ အောင်အောင်ပါ ခြောက်ဦး အား ဆိုင်ကယ်သုံးစီးဖြင့် တွေ့ရှိ၍ စစ်ဆေးရာ ၎င်းတို့ထံမှ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတုအရွက် ၁၃၀ နှင့် ငွေကျပ် ၃၆၆၁၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2020

ရန်ကုန် မတ် ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ သုတပဒေသာ(ဝိဇ္ဇာ) တတိယဆု ရရှိသည့် စာရေးဆရာခင် (တောင်ကြီး)၏ ‘‘တောင်ကြီးမြို့၏ ရှေးအစဉ်အလာ ရိုးရာမီးပုံးပျံ ပွဲတော်’’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်