Mar 29, 2020
လူရွက်လျက်ရှိရာ လူစုလူဝေးမလုပ်ဆောင်နေသူတွေ့ခြင်းမရှိကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် လူ့အသက်များ ဆုံးရှုံးမှုလျော့ကျစေရေး တစ်ကမ္ဘာလုံး ဝိုင်းဝန်းကြိုးပမ်းအားထုတ်လျက် ရှိသည်။ ကပ်ဘေးရောဂါသည် အချိန်ကာလ အတိုင်းအတာတစ်ခုအထိကြာမြင့်နိုင်ပြီး တစ်နေ့တွင် ရောဂါ အဆုံးသတ်ရပ်တန့်သွားမည် ဖြစ်သည်။ သို့သော် အဆိုပါရောဂါနှင့်ဆက်စပ်၍ ကမ္ဘာ့စီးပွားရေးတစ်ခုလုံး ထိခိုက်မည့် အရေးကို တွေးတောပြင်ဆင်နေရဦးမည် ဖြစ်သည်။
Mar 29, 2020
စဉ့်ကူး မတ် ၂၉
စဉ့်ကူးမြို့နယ်အတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျည်တောက်တိုက်နယ်ဆေးရုံတို့တွင် စောင့်ကြည့်လူနာများထားရှိရန် စီမံဆောင်ရွက် ထားရှိမှုများကို ယနေ့နံနက် (၁၀)နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီ ဦးမျိုးသစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)
Mar 29, 2020
နေပြည်တော် မတ် ၂၉
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(နေပြည်တော်)နှင့်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(ရန်ကုန်)တို့ Video Conferences စနစ်ဖြင့် ချိတ်ဆက်ပြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန် ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုအား ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 29, 2020
ရန်ကုန် မတ် ၂၉
COVID - 19 ရောဂါကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ ဗိုလ်ဆွန်ပက်လမ်းနှင့် လမ်း(၃၀)အထက် ဘလောက်တို့တွင် ယနေ့မွန်းလွဲ ၂ နာရီမှစတင်၍ ရေဖျန်းခြင်းနှင့် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
Mar 29, 2020
ရန်ကုန် မတ် ၂၉
ကိူရိုနာဗိုင်းရပ်စ် ရောဂါ စောင့်ကြပ်ကြည့်ရှုသည့် ဆရာဝန်များ၊ ဆရာမများနှင့် ဝန်ထမ်းများထားရှိမည့် အဆောက်အဦကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယမန်နေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ ရန်ကုန်ဆေးရုံကြီး တိုးချဲ့ဝင်းသို့ ရောက်ရှိပြီး အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
Mar 29, 2020
ဧရာဝတီ မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီးသို့ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
Mar 29, 2020
မုံရွာ မတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူးသည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ ရွှေဘိုခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကိုကိုအောင်တို့ လိုက်ပါပြီး ယနေ့နံနက်(၁၀)နာရီခွဲက ရွှေဘိုမြို့ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော ရွှေဘိုမြို့ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။