Skip to main content

Aug 06, 2020

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် ရေလည်ပရိယတ္တိ စာသင် တိုက် စန္ဒာသူရိယဓမ္မဗိမာန်တော်ကြီး၌ ယမန်နေ့ ည ၇ နာရီက ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ ညနေ ၅ နာရီခွဲက ရေတိုက်စားမှုကြောင့် ပျက်စီး သွားသည့် ညောင်လေးပင် မြို့နယ် တော်ဝိကျေးရွာနှင့် ပိန်းဇလုပ်မြို့အကြားရှိ မီးရထားလမ်းတံတားနှင့် ပိန်းဇရပ်မြို့ အဝင်ကားလမ်းတံတားတို့အား သွားရောက် ကြည့်ရှုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေခံပညာကျောင်း(အ.ထ.က-၁၀)တွင် စာသင်ကြားနေမှုကို ယမန်နေ့ နေ့လယ်ပိုင်း၌ မွန် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင် ပန်းခြံအနီးကမ်းပြိုမှု ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုအား ယမန်နေ့ ညနေ့တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

(၃၃)ကြိမ်မြောက် အာဆီယံ-အမေရိကန်ဆွေးနွေးပွဲကို ယနေ့နံနက် ၇ နာရီတွင် Video Conference စနစ်ဖြင့် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် နေပြည်တော်မှ ပါဝင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းသည် ယနေ့နံနက် ၇ နာရီ ခွဲတွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် Virtual Meeting ဖြင့် လက်ခံကျင်းပ သည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးသို့ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

ယခုအခါ နိုင်ငံအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွားမှုများနှင့် ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံတွင်လည်း ယခုရက်ပိုင်း၌ မိုးဆက်လက်ပိုနေပြီး မြစ်ချောင်းများ ရေပြည့်ရေလျှံဖြစ်နေသောကြောင့် အချို့မြို့နယ်များတွင် ရေကြီးရေလျှံဖြစ်ပေါ်လျက်ရှိရာ အနိမ့်ပိုင်း ရပ်ရွာများတွင် ရေများဝင်ရောက်နေသဖြင့် ရေဘေးသင့်ပြည်သူများကို ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

ယနေ့သည် ကမ္ဘာပေါ်တွင် ပထမဆုံး အဏုမြူဗုံးကြဲ တိုက်ခိုက်ခံခဲ့ရမှု (၇၅) နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးလုကာလ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို လည်းကောင်း၊ နောက်သုံးရက်အကြာ ဩဂုတ်လ ၉ ရက်နေ့တွင် နာဂါဆာကီမြို့ကို လည်းကောင်း အမေရိကန်လေတပ်က အဏုမြူဗုံးတစ်လုံးစီ ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း နှစ်သိန်းကျော် ချက်ချင်းသေဆုံးခဲ့ပြီး မြို့များမှာလည်း ပြာပုံဘဝရောက်ခဲ့ရသည်။ နောက်ဆက်တွဲ သေဆုံးမှုများမှာလည်း နောက်ထပ်နှစ်နှင့်ချီ၍ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2020

အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ် ရေး ကော်မတီသည် မေးခွန်းရှင် ကိုယ်စားလှယ်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် အမှတ်(I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2020

မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းထိမ် အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀ဝ ကျပ် တန်) (၁)မျိုး အား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်(၇) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဒုတိယ ဝါဆိုလဆုတ် (၄)ရက် (သောကြာနေ့)၊ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်