Skip to main content

Aug 11, 2020

ကချင်ပြည်နယ်အတွင်း မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား ထိရောက်စွာ ကာကွယ်ပေးနိုင်ရေး အတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် မီးသတ်ယာဉ်များ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မီးသတ်ဦးစီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံမြို့နယ်အတွင်း ရှိရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ရပ်ကွက်နှင့် ကျေးရွာများဖွံ့ဖြိုးရေးကိစ္စများ တင်ပြတောင်းဆိုမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီခွဲခန့်က ဘားအံမြို့ဇွဲကပင်ခန်းမတွင် တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

၁။ (၁၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၄၅၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ -

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ညောင်ကုန်းလမ်းဆုံ၌ 33KV/5MA တည်‌ဆောက်ပြီးစီးမှု အ‌ခြေအနေများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်း‌‌ဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းခရိုင်မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်‌နေ့ မွန်းလွဲပိုင်းက တည်‌‌နေမှုအခြေအနေများအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ်ငါးလုပ်ငန်း 28: 4200 4G COVID-19 Economic Relief Plan (CERPal Action Plan ပါ ငါးမွေးမြူရေးကဏ္ဍ ပြန်လည်ဦးမော့လာစေရန်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှုဖြင့် ဆောင်ရွက်သည့် ငါးမွေးတောင်သူများသို့ ငါးသားပေါက်ဖြန့်ဖြူးပေးခြင်းကို ရခိုင်ပြည်နယ် ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့ရှိ ငါးမွေး တောင်သူ ၆၆ ဦး၊ ဧရိယာ ၂၄၈ ဒသမ ၃၄ ဧကသို့ တစ်ဧက ငါးသားပေါက်ကောင်ရေ ၂၀၀၀ နှုန်းဖြင့် ကောင်ရေ ၄ သမ ၉၆ သိန်းကို သတ်မှတ် နေ့ရက်များ၌ ထောက်ပံ့ပေးအပ်နိုင်ရန် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတို့က စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်း ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက် လျက်ရှိပြီး မြန်မာနေရှင်နယ် လိဂ်ကလပ်အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ကစားသမားများကို ကိုဗစ်-၁၉ ရောဂါ တို့ဖတ်နမူနာ ရယူစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ် ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှု YPS ကတ်ကို ဩဂုတ် ၈ ရက် မှစ၍ YBS ယာဉ်လိုင်းပေါင်း ၁၅ လိုင်းတွင် ထပ်မံသုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၅ ခုနှစ် အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေဒုတိယဆုရရှိသည့် စာရေးဆရာ ကိုရွှေသံ (မြန်မာစာ) ၏ “မြစ်ဧရာနဒီ ကြောဝယ်”စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ကိုဗစ်-၁၉ ကာလအတွင်း စပါးပင်၏ အစိတ်အပိုင်းအားလုံးအား အကျိုးရှိစွာ အသုံးချနိုင်မည့် နည်းပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းအခမ်းအနားကို စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စပါးဇီဝဥယျာဉ်သုတေသနဌာနစု သင်တန်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်