Skip to main content

Dec 07, 2024

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးဌာနမှူးများက သတ်မှတ်နေရာများမှ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများပြီးစီးမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဂျာမနီနိုင်ငံ နော့ရိုင်းဝက်စ်ဖာလီးယားပြည်နယ်ဆိုင်ရာ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးမောင်သူရကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လယ်ဝေး TC-2 အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးသမ္မတနိုင်ငံ အာဆွန်စီယွန်မြို့တွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် “Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage” အစည်းအဝေးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဆုံးဖြတ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့တော်၌ ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အစိုးရချင်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ အစည်းအဝေးတွင် မြန်မာနိုင်ငံမှတင်သွင်းသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ဒီနေ့ဟာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၆)ရဲ့ သင်တန်းဆင်းတဲ့နေ့ဖြစ်သလို နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားသစ်လောင်းတဲ့နေ့လည်းဖြစ်တာမို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာပြောကြားလိုတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်တွင် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးပျူရှေးဟောင်း မြို့တော်သုံးမြို့နှင့် ၂၀၁၉ ခုနှစ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုမြို့တော်တို့ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် တရားဝင်အသိအမှတ်ပြုခံခဲ့ရပြီးဖြစ်သည်။ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပေးပို့ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံသူနိုင်ငံသားတို့၏ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ရေးမှာ အရေးကြီးသည်။ နိုင်ငံသူ နိုင်ငံသားတို့ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်မှသာ ကာယ၊ ဉာဏစွမ်းရည်တို့မြင့်မားပြီး နိုင်ငံကို ကောင်းစွာတည်ဆောက်နိုင်မည်ဖြစ်သလို ကောင်းစွာကာကွယ်စောင့်ရှောက်နိုင်ကြမည်လည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်