Skip to main content

“အချစ်ရဲ့မိုး” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော် ဇူလိုင် ၁၆

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန် ရည်ရွယ်ပြီး Friday Night Live Show တေးဂီတ ဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ “အချစ်ရဲ့မိုး” တေးဂီတဖျော်ဖြေပွဲကို ဇူလိုင် ၁၈ ရက် သောကြာနေ့ ည ၉ နာရီခန့်၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

အဆိုပါတေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြသည့် ရသ၊ D ဖြိုး၊ ဒုံချပ်၊ စောရက်စတာ၊ ဂျင်းနီ၊ နန်းခင်ဇေယျာ၊ မေသူခိုင်ငြိမ်း၊ လွန်းရွှေရည်သာ၊ မိုးဖူးဖူးခင်နှင့် မိုးပြည့်ပြည့်ခင်တို့က ငြိုးမာန်ဖွဲ့တိမ်ညိုဆင်ပြီး လျှပ်တပြက်မိုးခြိမ်းသံပေးကာ အဆက်မပြတ်ရွာသွန်းဖြိုးသည့် ဝါဆိုမိုးနှင့် အစိမ်း​ရောင်လွှမ်းခြုံသည့် မိုးရာသီမြင်ကွင်းများနှင့်အတူ ရင်ကိုထိမှန်စေမည့်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

“အချစ်ရဲ့မိုး” တေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်၍ တစ်ချိန်တည်း ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဇူလိုင် ၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်