Dec 08, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၁၂ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုးနှင့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၉၂၅၈၈၀၄၇)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၈၆၀၄၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၈၂၇၄၀၈၇) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Dec 08, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
Dec 08, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တောင်ကြီးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းသား ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။
Dec 08, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဒီဇင်ဘာ ၄ ရက်က လင်းခေးမြို့ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
Dec 08, 2024
China Media Group(CMG)နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)တို့ ပူးပေါင်းကျင်းပသည့် Belt and Road တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာ ပူးပေါင်းရိုက်ကူးမှုအစီအစဉ်များ မိတ်ဆက်ခြင်း အခမ်းအနားနှင့် တရုတ်သို့ခြေဆန့်ခြင်း (China Walk) အစီအစဉ် စတင်ထုတ်လွှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အလုံမြို့နယ် မင်းရဲကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။
Dec 08, 2024
တည်ထောင်ပြီးစက်မှုဇုန်များ အရွယ်အစား၊ အမျိုးအစား၊ အဆင့်အတန်း တစ်ပြေးညီသတ်မှတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဆေးဝါးစက်ရုံ(အင်းစိန်)ရှိ ဆေးဝါးသမိုင်းပြခန်း၌ ကျင်းပသည်။
Dec 08, 2024
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းပိုင် အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
Dec 08, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 08, 2024
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် လသာလမ်းထောင့်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အဆောက်အအုံ အကြီးစားပြုပြင်နေမှုနှင့် ဗိုလ်အောင်ကျော်လမ်းရှိ စီမံကိန်းရေးဆွဲရေးအဆောက်အဦတို့ကို ကြည့်ရှုစစ်ဆေးသည်။
Dec 08, 2024
နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပြည်သူလူထုထဲမှ ပေါ်ပေါက်လာသော တပ်မတော်ဖြစ်သည်။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းရင်းစတင်သန္ဓေတည်ခဲ့သည်။ မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဖြစ်ပေါ်လာရန် တိုက်ပွဲဝင်ခဲ့သည်။ လွတ်လပ်ပြီး နိုင်ငံအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန် ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို အသက်၊ သွေး၊ ချွေးရင်းနှီးပေးဆပ်၍ တွန်းလှန်ကာကွယ်ခဲ့သည်။ ယင်းတို့သည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်။