Dec 06, 2024
၁။ Safe Migration Facebook Page တွင် အလုပ်သမားရေးရာ သတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့်စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card - OWIC) ပြုလုပ်ခွင့်ပြုသည့် စာရင်းများ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်ပြုသည့် စာရင်းများအား Safe Migration Telegram Channel မှ စဉ်ဆက်မပြတ် ကြေညာပေးလျက်ရှိပါသည်။
Dec 06, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေကြောင်းခရီးဖြင့် ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများက ပုဂံ-ညောင်ဦးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းအဖြစ် သတ်မှတ်ခံရ
Dec 06, 2024
ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆိုပြုတင်သွင်းထားသည့် “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” စာတွဲအားယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity)တွင် ပါဝင်နိုင်ရေး တရားဝင်ဆုံးဖြတ်ခဲ့ပြီးဖြစ်ရာ ယခုဆိုလျှင် မြန်မာနိုင်ငံမှ တင်သွင်းထားသည့် “မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင်ပါဝင်နိုင်ခဲ့ပြီဖြစ်ပါသည်။
Dec 06, 2024
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ ရုံများ၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
Dec 06, 2024
အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပလျက်ရှိသည်။
Dec 06, 2024
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ဦးမျိုးသန့်သည် ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့တွင် Naypyitaw State Academy အတွင်း တည်ဆောက်နေသည့် ဘွဲ့နှင်းသဘင်ခန်းမ၊ Recreation Center ၊ စာသင်ဆောင်များ၊ အိပ်ဆောင်နှင့်ထမင်းစားဆောင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Dec 06, 2024
ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂျ်၏ မွေးနေ့၊ ထိုင်းနိုင်ငံ၏ အမျိုးသားနေ့နှင့် Thailand's Father's Day အထိမ်းအမှတ် ဧည့်ခံပွဲအခမ်း အနားကို ယနေ့ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနေအိမ်၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်ဇနီးတို့ တက်ရောက်ကြသည်။
Dec 06, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr.Abhay Thakur ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Dec 06, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်နှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။