Jan 26, 2021
ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်အတွက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက တိုင်းဒေကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
Jan 26, 2021
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွှားမှု လျော့နည်း ပပျောက်စေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအား အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၁)ကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jan 26, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက JICA ၏ အစီအစဉ် ဖြင့်ရေးဆွဲ သည့် ပဲခူးမြို့၊ မြို့ပြစီမံကိန်း (၂၀၄၀)ဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ် သည်။
Jan 26, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
Jan 26, 2021
ဂျပန်- မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအဖြစ် ရန်ကုန်မြို့ ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဂျပန်- မြန်မာ ယဉ်ကျေးမှု ပွဲတော်ကို လာမည့် ဖေဖော်ဝါရီလဒုတိယပတ်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲမှ ရရှိငွေများကို မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်း သွားမည်ဖြစ်ကြောင်း ဂျပန်- မြန်မာ ပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။
Jan 26, 2021
အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်ကော်မတီနှင့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ပထမ အကြိမ် မြန်မာကင်းထောက် ဆရာဖြစ်သင်တန်း (Woodbadge) ဖွင့်လှစ်နိုင်ရေး အွန်လိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
Jan 26, 2021
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည့် တတိယအကြိမ် လွှတ်တော် ပထမပုံမှန် အစည်းအဝေးများ တက်ရောက်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ် မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ တတိယအကြိမ်လွှတ်တော်အတွက် ယခင် ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်ပါဝင်လာသကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်အသစ်များလည်း ထပ်မံအရွေးချယ်ခံခဲ့ကြရသည်။ ယခုအခါ နေပြည်တော်သို့ ရောက်ရှိနေကြသည့် ပြည်သူ့အကျိုး ဆောင်ရွက်သယ်ပိုးကြမည့် တတိယအကြိမ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၏ ရင်တွင်းပြောကြားစကားသံများကို တွေ့ဆုံမေးမြန်းဖော်ပြလိုက်ရပါသည် -
Jan 26, 2021
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းခဲ့သည့် COVISHIELD ကိုဗစ်ကာကွယ်ဆေးများအား စနစ်တကျ သိုလှောင်ထားရှိမှု၊ နေရာအနှံ့ ကာကွယ်ဆေးထိုးနှံနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကာကွယ်ဆေးများ ပို့ဆောင်ပေးနေမှု၊ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းများ ပေးကာ လေ့ကျင့်ပေးနေမှုနှင့် ကာကွယ်ဆေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ပြည်သူများသိရှိနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
Jan 26, 2021
(၄) ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းများတွင် ခရီးသည်တစ်ဦးလျှင် အလုပ်အကိုင် လေးဦးခန့်ကို ဖန်တီးပေးနိုင်သဖြင့် ခရီးစဉ်များကို စီစဉ်ခြင်း၊ စားသောက်ဆိုင်၊ တည်းခိုခန်း၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်၊ ခရီးသွား ပို့ဆောင်မှုအစီအစဉ်များကို ပံ့ပိုးပေးခြင်း၊ ခရီးစဉ်အသစ်နှင့် အတွဲလိုက်ခရီးစဉ်စီစဉ်မှု (Package Tours) များကို ပြုလုပ်ပေးခြင်း၊ ခရီးစဉ်အသစ်များကို တိုးချဲ့စီစဉ်ခြင်း (New Destinations)၊ မြန်မာ့ လူနေမှုဘဝကို လေ့လာနိုင်သည့် အိမ်တွင်တည်းခိုခြင်း(Home Stay) နှင့် နေရာလပ်အိပ်ခန်းလွတ်များကို ဧည့်သည်များအား အင်တာနက်မှတစ်ဆင့် ငှားရမ်းခြင်း (Airbnb - Air Mattress bed and breakfast) ကဲ့သို့ ဆန်းသစ်သောနည်းများဖြင့် တည်းခိုနေရာများ ရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ ခရီးသွားအာမခံနှင့် အရေးပေါ်လူနာပို့ဆောင်မှုအစီအစဉ် (Medical Evacuation) များကို စီစဉ်ဆောင်ရွက်ပေးခြင်း စသည်တို့အပြင် ဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များဟာ လက်ရှိပူးပေါင်းဆောင်ရွက်မှုအပြင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာဖို့ သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရများနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်း ကျေးလက်ခရီးသွား လုပ်ငန်းများမှာလည်း လက်ရှိအသေးစား ကုန်တင်ယာဉ်များနဲ့ သွားလာနေမှုကနေ ပိုမိုဘေးကင်းပြီး စရိတ်သက်သာတဲ့ ကျေးလက် အခြေခံသယ်ယူပို့ဆောင်မှုစနစ်ကို လည်းဖော်ထုတ်သွားကြရမှာဖြစ်ပါတယ်။ သဘာဝ ခရီးသွားလုပ်ငန်း (eco-tourism) နဲ့ စွန့်စားလှုပ်ရှား ခရီးသွားကဏ္ဍ (Adventure tours, mountaineering, kayaking, hiking, jet-skiing, snorkeling, surfing, pleasure fishing etc.) စသည်များကိုလည်း အားပေးထူထောင်သွားရမှာ ဖြစ်ပါတယ်။
Jan 26, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ်ရရှိပြီး စတင်ထိုးနှံတော့မည်။ နိုင်ငံတစ်ဝန်းတွင် ယခုကာလအတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်မှုများ ကျဆင်းလာသည်။ ကာကွယ်ဆေးလည်းရ၊ ရောဂါ ကူးစက်မှုလည်းကျသဖြင့် အတိုင်းထက်အလွန် ဝမ်းမြောက်ရ မလိုဖြစ်သည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန်ကပ်ရောဂါ ကမ္ဘာပေါ်မှ အပြီးတိုင် မထွက်ခွာ သွားသေးသည်ကို သတိချပ်ရမည်ဖြစ်သည်။