Feb 16, 2021
နိုင်ငံတော်ယန္တရားရပ်ဆိုင်းသွားခဲ့လျှင် ဘာတွေဖြစ်လာနိုင်သနည်း။ အကျဉ်းဆုံးဖြေရလျှင် တိုင်းပြည်ပျက်စီးသွားလိမ့်မည် ဖြစ်သည်။ တရားဥပဒေစိုးမိုးမှု ပျက်ပြားခြင်း၊ နိုင်ငံသူနိုင်ငံသား တို့၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံမှုပျက်ပြားခြင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတို့ ပြိုကွဲပျက်စီးခြင်းတို့ အပါအဝင် ဖြစ်ပေါ်လာမည့် အနိဋ္ဌာရုံများစွာတို့မှာ ရေးပြ၍ မကုန်နိုင်ဖွယ်ရှိလိမ့်မည်။ ။
Feb 15, 2021
မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက် Trade Policy Review Body - TPRB Virtual Meeting အစည်းအဝေးကို GIZ နှင့် ARISE Plus စီမံကိန်းတို့၏ အကူအညီဖြင့် ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၇ ရက် တို့၌ ကျင်းပလျက်ရှိသည်။
Feb 15, 2021
မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ် (၁၉)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အမှာစကားပြောကြားသည်။
Feb 15, 2021
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ဝန်ထမ်းများ အပန်းဖြေရိပ်သာ (Recreation Centre) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည်။
Feb 15, 2021
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
Feb 15, 2021
(၁၄-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၅-၂-၂၀၂၁)ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၈၈၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၆) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၄၇၆,၇၉၇) အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၁,၆၃၇) ဦး ရှိပြီ ဖြစ်ပါသည်။
Feb 15, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Feb 15, 2021
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက် ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့် သာယာ နေပါသည်။
Feb 15, 2021
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
Feb 15, 2021
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိကဘဏ်များ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။