Jan 16, 2025
ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာဝပြောရေးအတွက် ပြည်ထောင်စုတစ်ဝန်း စီးပွားရေးအခွင့်အလမ်းများ တိုးတက်ကောင်းမွန်လာရေးသည် အရေးပါသောအချက်တစ်ချက်ဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာပါမှ နိုင်ငံရေးအင်အား၊ လူမှုရေးအနေအထား၊ ကာကွယ်ရေးစွမ်းအားများပါ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံအတွက်အဓိကကျသော စီးပွားရေးစွမ်းအား တိုးတက်ကောင်းမွန်လာစေရန်အတွက် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်လျက်ရှိသည်။
Jan 16, 2025
(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ပြည်နယ်၏မြို့တော် လွိုင်ကော်မြို့တွင် ကျက်သရေမင်္ဂလာရှိစွာ၊ စည်ကားသိုက်မြိုက်ခမ်းနားစွာကျင်းပခဲ့ကြောင်း သတင်းများတွင် တွေ့မြင်ရသည်။ ကယားပြည်နယ်နေ့ဖြစ်ပေါ်လာရခြင်း၏ သမိုင်းကြောင်းမှာ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြည်နယ်တစ်ခုအဖြစ်ပါဝင်သော ကရင်နီပြည်နယ်ကို ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေအရ လူထုဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲခေါ်ဝေါ်ခဲ့သည့်နေ့ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
Jan 15, 2025
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာ အောင်ကျိုက္ခမီ ဘုန်းကြီးကျောင်းရှိ ဓမ္မရတနာဗိမာန်တွင်အခြေပြု၍ အဆိုပါမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၅၅ တို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Jan 15, 2025
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ ဆည်ကန်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်က မီးရှို့ခဲ့ကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအတုသတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်းတွေ့ရသည်။
Jan 15, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂) ရပ်ကွက်၊ ၄၁(A)လမ်း၊ ၆၁ x ၆၂ လမ်းကြားတွင် မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရရှာဖွေစစ်ဆေးခဲ့ရာ စောဖြိုးအောင်၊ လင်းလင်းအောင်၊ လှိုင်ဖြိုးထွေး(ခ)ကိုထွေးနှင့် အောင်မျိုးသိန်း(ခ)တာတီး တို့ ၄ ဦးအား TOYOTA CROWN မော်တော်ယာဉ်တစ်စီး၊ ပလတ်စတစ် ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ညနေ ၄ နာရီခွဲအချိန် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်ရှိ စောဖြိုးအောင်၏နေအိမ်မှ တစ်ပုလင်းလျှင် ၁၀၀ မီလီလီတာစီပါ PHENSEDYL ၃၀ ပုလင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာနေ ကိုစိုင်း(ခ)အားချိန်၏ အစီအမံဖြင့် ချမ်းအေးသာစံမြို့နယ်နေ အောင်သူ(ခ)စိန်သောင်းမှတာဝန်ခံ၍ လှိုင်ဖြိုးထွေး၊ သန့်ဇင်ထွန်း၊ လင်းလင်းအောင်နှင့်ဇော်မျိုးသိန်းတို့အား သယ်ဆောင်ခိုင်းပြီး ချမ်းအေးသာစံမြို့နယ်နေ စောဖြိုးအောင်မှ မန္တလေးမြို့တွင် ဘိန်းဖြူများဝယ်ယူ၍ မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ပြီး မြန်မာ-အိန္ဒိယနယ်စပ်နေကီရန်းမှ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်းနှင့် ကလေးမြို့မှမန္တလေးမြို့သို့ PHENSEDYL များ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဘိန်းဖြူရောင်းချပေးခဲ့သည့် အောင်သူနှင့်သန့်ဇင်ထွန်းတို့အား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် SUZUKI Ciaz မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ PHENSEDYL များ ရောင်းချပေးခဲ့သူ လှိုင်မျိုးထွန်း(ခ)သီလွန်းအား မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့၍ ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
Jan 15, 2025
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ဇန်နဝါရီလ ၁၄ ရက်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ တပ်နယ်ခန်းမ၌ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။
Jan 15, 2025
၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့်ခံစားနားလည်မှုကို လွဲမှားစေနိုင်သော အကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း တွေ့ရှိရပါသည်-
Jan 15, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 15, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN - China Centre - ACC) သို့ ရောက်ရှိရာ ACC အထွေထွေအတွင်းရေးမှူးချုပ်က အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာတက္ကသိုလ်နှင့် သိပ္ပံများတွင် လက်ရှိဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
Jan 15, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ ၂၀၂၅ ခုနှစ် မျိုးစေ့ပြပွဲ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။