Jan 16, 2025
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
မြန်မာနိုင်ငံ၏ စတုတ္ထမြောက် DTH ရုပ်သံလိုင်း MYANSAT ထုတ်လွှင့်မှု စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ
Jan 16, 2025
မြန်မာနိုင်ငံ၏စတုတ္ထမြောက် DTH ရုပ်သံလိုင်းအသစ်ဖြစ်သည့် MYANSAT DTH ရုပ်သံလိုင်းထုတ်လွှင့်မှု စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အနုပညာရှင်များတက်ရောက်ကြသည်။
Jan 16, 2025
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနယ်ပယ် (၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
Jan 16, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
Jan 16, 2025
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်ကျရောက်သည့် (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်သည်။
Jan 16, 2025
ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာဝပြောရေးအတွက် ပြည်ထောင်စုတစ်ဝန်း စီးပွားရေးအခွင့်အလမ်းများ တိုးတက်ကောင်းမွန်လာရေးသည် အရေးပါသောအချက်တစ်ချက်ဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာပါမှ နိုင်ငံရေးအင်အား၊ လူမှုရေးအနေအထား၊ ကာကွယ်ရေးစွမ်းအားများပါ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံအတွက်အဓိကကျသော စီးပွားရေးစွမ်းအား တိုးတက်ကောင်းမွန်လာစေရန်အတွက် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်လျက်ရှိသည်။
Jan 16, 2025
(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ပြည်နယ်၏မြို့တော် လွိုင်ကော်မြို့တွင် ကျက်သရေမင်္ဂလာရှိစွာ၊ စည်ကားသိုက်မြိုက်ခမ်းနားစွာကျင်းပခဲ့ကြောင်း သတင်းများတွင် တွေ့မြင်ရသည်။ ကယားပြည်နယ်နေ့ဖြစ်ပေါ်လာရခြင်း၏ သမိုင်းကြောင်းမှာ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြည်နယ်တစ်ခုအဖြစ်ပါဝင်သော ကရင်နီပြည်နယ်ကို ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေအရ လူထုဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲခေါ်ဝေါ်ခဲ့သည့်နေ့ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
Jan 15, 2025
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာ အောင်ကျိုက္ခမီ ဘုန်းကြီးကျောင်းရှိ ဓမ္မရတနာဗိမာန်တွင်အခြေပြု၍ အဆိုပါမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၅၅ တို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Jan 15, 2025
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ ဆည်ကန်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်က မီးရှို့ခဲ့ကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအတုသတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်းတွေ့ရသည်။
Jan 15, 2025
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ဇန်နဝါရီလ ၁၄ ရက်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ တပ်နယ်ခန်းမ၌ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။