နေပြည်တော် နိုဝင်ဘာ ၁၁
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ပန်းဝါဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ကိစ္စရပ်များ၊ အထူးသဖြင့် နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ငလျင်ဘေးအလွန် အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အိန္ဒိယသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်
