Jun 06, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ကြွေပန်းကန်လုံးများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jun 06, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
Jun 06, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Jun 06, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူ များ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 06, 2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ တားသိန်းဇော်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဋ္ဌ ဦးညီနပ်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့ကို လာရောက်ကြည့်ရှုလေ့လာကြပြီး တိုင်းရင်းသားရုပ်သံတွင် တာဝန်ထမ်းဆောင်နေကြသည့် သက်ဆိုင်ရာ တိုင်းရင်းသူ၊ တိုင်းရင်းသားများအား ထောက်ပံ့ပေးအပ်ကာ အားပေးစကားပြောကြားကြသည်။
Jun 06, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များ၊ သမဝါယမအသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ရခိုင်ပြည်နယ် မြောက်ဦးဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးသည်။
Jun 06, 2022
မြန်မာ့သမိုင်းကို လေ့လာကြည့်လျှင် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ပဋိပက္ခမျိုးစုံ ကြုံခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး သုံးလအကြာတွင် ပြည်တွင်းသောင်းကျန်းမှုဖြစ်ပေါ်လာပြီး လက်နက်ကိုင်ပဋိပက္ခများ စတင်ခဲ့သည်။ ကိုလိုနီခေတ်က တောင်တန်း-ပြည်မ ခွဲခြားအုပ်ချုပ်သော သွေးခွဲအုပ်ချုပ်ရေးစနစ်၊ တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် သွေးခွဲပေးသော ပရိယာယ်အမျိုးမျိုးတို့ကြောင့် ပြဿနာမျိုးစုံ ဖြစ်ပေါ်လာခဲ့သည်။
Jun 06, 2022
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်အနက်မှ နိုင်ငံရေးဦးတည်ချက် တစ်ရပ်ပင်ဖြစ်ပြီး အလေးအနက်အကောင်အထည်ဖော်လျက်ရှိသည့် ဦးတည်ချက်လည်းဖြစ်သည်။ မိမိတို့နိုင်ငံတွင် မတူကွဲပြားသည့် သမိုင်းနောက်ခံ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ယုံကြည်ကိုးကွယ်မှုနှင့် ဘာသာစကားများရှိကြသည့် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော်တို့ အတူတကွ နေထိုင်နေကြခြင်းဖြစ်သည်။ မည်မျှပင် မတူကွဲပြားသည်ဟုဆိုစေကာမူ တစ်မြေတည်းနေ တစ်ရေတည်းသောက် နေထိုင်ခဲ့ကြခြင်း၊ သွေးသားတော်စပ်မှုများရှိနေခြင်း၊ သမိုင်းကြောင်းကံကြမ္မာ အတူတကွသာဖြစ်ခြင်းဟူသော အမှန်တရားများလည်း ငြင်းကွယ်၍မရအောင် ရှိနေသည်သာဖြစ်သည်။