Sep 01, 2022
မျက်မှောက်ကာလတွင် ပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများမှာ လိုအပ်သောကုန်ပစ္စည်းများကို အမြဲအတက်ဈေးဖြင့် ဝယ်ယူသုံးစွဲနေရခြင်း ဖြစ်သည်။ လူသုံးကုန်၊ စားသုံးကုန် အထူးသဖြင့် ပြည်ပသွင်းကုန်ပစ္စည်းမျိုးစုံတို့မှာ တစ်နေ့ထက်တစ်နေ့ ဈေးနှုန်းမြင့်မားလာခြင်းနှင့် ကြုံတွေ့နေရပေသည်။ အကျိုးဆက်မှာ ငွေကြေးဖောင်းပွမှုမြင့်မားလာပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာသည်။
Sep 01, 2022
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တွင် စက်မှုဇုန်ပေါင်း ၂၉ခုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် လည်ပတ်လျက်ရှိသော စက်ရုံထောင်ပေါင်းများစွာတို့က နိုင်ငံတစ်ဝန်းလုံးမှ လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့် အလမ်းများပင်ဖြစ်သည့်အလျောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်အလုပ်လုပ်ကိုင်နေကြသူများလည်း များစွာရှိသည်။ လှိုင်သာယာသည် စက်မှုမြို့ဟု ဆိုရလောက်အောင်ပင် လှိုင်သာယာစက်မှုဇုန်အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ် (၄)၊ အမှတ်(၆)၊ အမှတ် (၇)နှင့် လှိုင်သာယာစက်မှုဇုန် အမှတ်(၅)၊ ရွှေလင်ပန်းစက်မှုဇုန် စသည့် စက်မှုဇုန်များတည်ရှိပြီး အနယ်နယ်အရပ်ရပ်မှ အမျိုးသမီး၊ အမျိုးသား အလုပ်သမားများ သိန်းနှင့်ချီ၍ အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
Aug 31, 2022
၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၉ ရက် ည ၁၀ နာရီခွဲခန့်တွင် ဖျာပုံမြို့နယ်၊ ဂယက်ကြီးကျွန်း (ခ)ခတ္တာကျွန်းအနီး၌ ခိုးဝင်ဘင်္ဂါလီများ တင်ဆောင်လာသည့် ရေယာဉ် ၁ စီး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ကဒုံကလေးကျွန်းနှင့် ဂယက်ကြီးကျွန်း(ခ)ခတ္တာကျွန်းကြားတွင် အလျား ၃၈ ပေ၊ ဗျက် ၁၀ ပေရှိသော ငါးဖမ်းစက်လှေ ၁ စီးအား ကျော်ဇောလင်း(၃၇)နှစ် (ဘ) ဦးကျော်ဝင်း၊ စက်လှေမောင်း၊ ကွင်းဝိုင်းကျေးရွာ သံတွဲမြို့နယ်၊ မျိုးချစ်ဦး(၁၈)နှစ် (ဘ)ဦးမြတ်ဝိုင်း၊ လှေလုပ်သား၊ လိပ်ကျောက်ရကျေးရွာ၊ မင်းပြားမြို့နယ်၊ သန်းဝင်း(၃၅)နှစ် (ဘ)ဦးကျော်အေး၊ လှေလုပ်သား၊ ပေါက်တောမြို့နှင့် မြင့်ရွှေ(၅၂)နှစ် (ဘ)ဦးစံသိန်း၊ လှေလုပ်သား၊ သစ်ပုတ်တောင် ကျေးရွာ၊ ရမ်းဗြဲမြို့နယ်နေသူတို့ ၄ ဦးနှင့်အတူ ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၆၅ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။
Aug 31, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 31, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၁-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Aug 31, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Aug 31, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်း (Gold Medal Hall) ၌ ကျင်းပသည်။
Aug 31, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် United Nations Office for the Coordination of Humanitarian Affairs (UNOCHA) တို့အကြား သဘောတူညီမှုစာလွှာ (Letter of Agreement - LoA) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။