Sep 20, 2022
မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများ နှင့်ပူးပေါင်း၍ FATF ၏ တိုးမြှင့် စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under Increased Monitoring)မှ လွတ်မြောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။
Sep 20, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Sep 20, 2022
ယခုသင်တန်းသည် အရာရှိသင်တန်းများအနက် အခြေခံအကျဆုံးသင်တန်းဖြစ်ပါကြောင်း။ သင်တန်းကို နယ်ပယ်အစုံမှလာခဲ့ကြသော်လည်း သင်တန်းပြီးဆုံးချိန်တွင် အရာရှိတို့ တတ်သိနားလည်ရမည့် ပညာရပ်များကို တတ်သိနားလည်ပြီး အနာဂတ်ကို ခေါင်းဆောင်ကြမည့် အရည်အသွေးပြည့်ဝသည့် အရာထမ်းခေါင်းဆောင်များ ဖြစ်လာစေရန် အားထုတ်ကြစေလိုကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ယနေ့နံနက်ပိုင်းကကျင်းပသည့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
Sep 20, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုပ်သံထုတ်လွှင့်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 20, 2022
အမျိုးသား ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 20, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များနှင့် အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 20, 2022
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို ပြည်သူအများ ကိုးကွယ်သောနိုင်ငံဖြစ်၍ ရတနာသုံးပါးဂုဏ်ကျေးဇူးကြောင့် ကပ်သုံးပါးကိုရှောင်ရှားနိုင်သည့်သဘောရှိသည်။ ကမ္ဘာပေါ်ရှိနိုင်ငံအချို့တွင် စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေး၊ သဘာဝဘေး၊ ရောဂါ ဘေးများနှင့်ကြုံတွေ့နေကြသည်ကို မြင်တွေ့နေရသည်ဖြစ်ရာ ရတနာသုံးပါး ဂုဏ်ကျေးဇူးကို အထူးသိမြင်ဆင်ခြင်၍ ရောဂါဘေးဘယာများ ကင်းဝေးနိုင်ကြစေရန် သတိပြုဆင်ခြင်ပြုလုပ်သင့်ပါသည်။