Skip to main content

Sep 21, 2022

“AHA Centre မှတစ်ဆင့်လှူဒါန်းမည့်လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲ ရေးလုပ်ငန်းအဖွဲ့(Task Force) ၏ အဖွဲ့ဝင်အချို့ပါဝင်သည့် ကြားဖြတ်လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2022

လုံခြုံရေးကိုအထူးအလေးထား ဆောင်ရွက်ပြီးအုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ မဖြစ်ပွားစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အထူးဂရုပြု ဆောင်ရွက်ရန်၊ အကျဉ်းသားများ၏ စားသောက် နေထိုင်ရေး၊ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာကိစ္စရပ်များကိုစနစ်တကျ အထူးဂရုပြုဆောင်ရွက်ပေးရန်၊ အကျဉ်းသား/အချုပ်သားအားလုံး ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံရေးဆောင်ရွက်ပေးသွားရန် စသည်ဖြင့်ပြည်ထောင်စုဝန်ကြီးက အကျဉ်းထောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2022

ပြည်သူများ နေ့စဉ်စားသောက်နေထိုင်မှုဘဝ၌ အစားအသောက်များ ဘေးကင်း လုံခြုံရေးသည် အရေးပါသည့်အချက်ဖြစ်သည်။ လူတို့အသက်ရှင်နေထိုင်ရေး အတွက် နေ့စဉ်စားသောက်နေကြ သောအခါ၌ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များ စားသောက်ရန်အရေးမှာ အလွန် ကျယ်ပြန့်သောကိစ္စဖြစ်သည်။ မျက်မှောက်ကာလတွင် ပြည်သူများအနေဖြင့် စားသောက်ကုန် ဈေးနှုန်းများ ကြီးမြင့်မှုကြောင့် သန့်ရှင်းကောင်းမွန်သော အစားအသောက်များရွေးချယ် ရေးထက် ဈေးနှုန်းသက်သာသော အစားအသောက်များ ရွေးချယ်လာခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသောအကြောင်းအချက်များဖြစ်လာသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2022

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မကြာမီက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံပြောကြား ခဲ့ရာ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား စက်တင်ဘာ ၁၉ ရက်တွင် ခေါ်ယူတွေ့ဆုံကာ ဖြစ်စဉ်ပကတိအခြေအနေမှန်ကို ရှင်းလင်းပြောကြား တုံ့ပြန် ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၀/၂၀၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2022

(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာစည်းကမ်း ချက်များနှင့် အညီ ကျင်းပရာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2022

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားတိုင်း(၆) က လက်ပံတန်း-သာရဝေါ (၁၉၅) အဆန် လော်ကယ်ရထားနှင့် (၁၉၆) အစုန်လော်ကယ်ရထားများ စက်တင်ဘာ ၁၆ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲခဲ့ရာ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ခရီးသွား ပြည်သူများ၏ ရင်တွင်းစကားများကို တွေ့ဆုံမေးမြန်းထားသည်များ ဖော်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Sep 20, 2022

အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်၌ ပါဝင်သော အဓိကလုပ်ငန်းစဉ်များအနက် ကိုယ်ဝန်ဆောင် မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်၊ လူမှုရေးပင်စင် အစီအစဉ်နှင့် ဖြစ်ရပ်စီမံခန့်ခွဲခြင်း အစီအစဉ်တို့ကို SMIS Software စနစ်ဖြင့် ကနဦး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2022

စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များဖန်တီးပေးရေးအတွက် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေးတို့အတွက် CMP လုပ်ငန်းရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်