Skip to main content

Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထပ်တိုးထောက်ပံ့ငွေ ထောက်ပံ့ပေးအပ်

တောင်ကြီး စက်တင်ဘာ ၁

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေး သူငယ် များ၊ မသန် စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထပ်တိုးထောက်ပံ့ကြေး ငွေကျပ် (၁၁,၆၂၁.၂၅)သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်းရှိ ထိခိုက်လွယ် အုပ်စုများ ဖြစ်သော ကိုယ်ဝန် ဆောင် မိခင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအားလူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း CERP(Covid-19 Economic Relief Plan)Covid-19 စီးပွားရေးကုစားမှုအစီအစဉ် အရ ထပ်တိုးထောက်ပံ့ကြေးငွေ ပေးအပ် သွားမည့်ကိစ္စနှင့်ပတ်သက်၍ တက်ရောက်လာသူ များ အားလုံးနှင့် တွေ့ဆုံရှင်းလင်းတင်ပြခွင့် ရရှိသည့် အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ‌ရေးနှစ်၊ Mini Budget တွင် ငွေကျပ်(၁,၂၉၁.၅)သိန်း ထောက်ပံ့ပေးနိုင်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ တွင်လည်း Covid-19 စီးပွားရေး ကုစားမှုအစီအစဉ် (CERP)အရ ငွေကျပ်(၃,၃၉၇.၅)သိန်း ထောက်ပံ့ပေးမည်ဖြစ်ပြီး ယခင်နှစ်ကထက် ကျပ်သိန်း ပေါင်း(၂,၁၀၆)သိန်း ပိုမိုထောက်ပံ့ပေးနိုင်မည့်အပြင် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ရှမ်းပြည်နယ် အတွင်း ရှိ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်း (၄၆)ခုအတွက် ငွေ ကျပ်(၅၃၇.၇၅)သိန်း၊ အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများ လူမှု‌‌ရေးပင်စင် (၁၀,၅၀၉)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀)နှုန်းဖြင့် ငွေကျပ် (၃,၁၅၂.၇)သိန်း၊ အသက်(၈၀-၈၅)နှစ် ဘိုး/ဘွားများ လူမှု‌‌ရေးပင်စင် (၁၄၄၇၆)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀)နှုန်းဖြင့် ငွေကျပ်(၄,၃၄၂.၈)သိန်းနှင့် Covid-19 ကာလအတွင်း Quarantine Center များရှိ ထိခိုက် လွယ်အုပ်စုများဖြစ်သည့် ကိုယ်ဝန်ဆောင်သည် (၂၉)ဦး၊ မသန်စွမ်း (၇)ဦး၊ (၅)နှစ်အောက် ကလေး (၁၇၈)ဦး၊ ဘိုး/ဘွား (၃၉) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း (၅၁၅)ဦးအတွက် ငွေကျပ် (၁၅၄.၅)သိန်းဖြစ်သည့်အတွက် Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထပ်တိုး ထောက်ပံ့ ကြေးငွေ စုစုပေါင်းကျပ်(၁၁၆၂၁.၂၅)သိန်း ပိုမိုပြီးတိုးမြှင့်ထောက်ပံ့ ပေးသွား နိုင်မည်ဖြစ် သောကြောင့် ရှမ်းပြည်နယ် အစိုးရအနေဖြင့်များစွာဂုဏ်ယူဝမ်းမြောက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ် ထံသို့ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဦးထွန်းဦး မှ ထပ်တိုး ထောက်ပံ့ ငွေကျပ် (၁၁၆၂၁.၂၅)သိန်း ပေးအပ်ခဲ့ပြီးရှမ်းပြည်နယ်အတွင်းရှိ ထပ်တိုးထောက်ပံ့ပေးမည့် မသန် စွမ်း သူ စုစုပေါင်း(၁၁၃၂၅)ဦး အတွက် တစ်ဦး လျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ကြေးငွေ ကျပ်(၃၃၉၇.၅)သိန်း၊ ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်း(၄၆)ခုအတွက် ငွေကျပ် (၅၇၃.၇၅)သိန်း၊ အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများ လူမှုရေး ပင်စင်(၁၀၅၀၉)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀)နှုန်းဖြင့် ငွေကျပ်(၃၁၅၂.၇)သိန်း၊ အသက်(၈၀-၈၅)နှစ် ဘိုး/ဘွားများ လူမှု‌‌ရေးပင်စင် (၁၄၄၇၆)ဦး အတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ငွေကျပ်(၄၃၄၂.၈)သိန်းတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ရယူ၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်ဇနီး၊ တာဝန်ရှိသူတို့က တောင်ကြီးမြို့ပေါ်ရပ်ကွက် (၂၂)ရပ်ကွက်မှ တက်ရောက်လာသော မသန်စွမ်းသူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကာ မသန်စွမ်းသူ တစ်ဦး မှ ကျေးဇူး တင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)