Skip to main content

Aug 14, 2020

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (Maternal and Child Cash Transfer Program – MCCT) အား ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ ထောက်ပံ့နိုင်ရန်အတွက် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2020

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်တွင်းခရီးသွားများ အဆင်ပြေ စေရန်နှင့် ခရီးသွားလာမှု အခက်အခဲ မရှိဘဲ အဆင်ပြေလွယ်ကူစေရန် Air KBZ လေကြောင်းလိုင်းက အထူးအစီ အစဉ် ထပ်မံပြုလုပ်ပေးထားကြောင်း သိရသည်။ Air KBZ လေကြောင်း လိုင်းသည် ခရီးသည်များ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးနှင့် ပြည်တွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး ရည်ရွယ်ချက်များ ဖြင့် အထူးအစီအစဉ်များ ဆက်တိုက် ပြုလုပ်ပေးနေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2020

စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ စီမံခန့်ခွဲရေးဌာနစုနှင့် ဓာတ်ခွဲခန်း (၇) ခုသည် နိုင်ငံတကာအဆင့်မီ ISO 9001: 2015 (QMS) လက်မှတ် ရရှိပြီးဖြစ်ရာ အဆိုပါ အသိအမှတ်ပြု လက်မှတ်ပါ အရည်အသွေးထိန်းသိမ်း ခြင်းများ ဆောင်ရွက်ရာတွင် သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုအား ၂၀၂၀ ပြည့်နှစ်အတွင်း ဒုတိယအကြိမ် မြောက် ပြန်လည်သုံးသပ်စိစစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က နဝရတ်ခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2020

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျောက်တန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူ သုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2020

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ တံတား တစ်စင်းအား AA အကြမ်းဖက်သောင်းကျန်းသူ များက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2020

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် သြဂုတ် ၉ ရက် ညနေပိုင်း က ပန်းတနော်မြို့နယ်အတွင်းရှိ ချောင်းကော၊ မြောင်းကော နှင့် ရေနုတ်မြောင်းများ တူးဖော်ထားရှိမှုအား ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2020

၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော နှစ်တစ်နှစ်ဖြစ် သည်။ ယခုနှစ်ကြုံတွေ့ ရသည့်အရေးကိစ္စများအနက် တစ်ကမ္ဘာလုံး ကြုံတွေ့နေရဆဲဖြစ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးတို့သည် အရေး ကြီးဆုံးဖြစ်သည်။ နိုင်ငံအတွင်း အခြားအရေးကြီးကိစ္စများရှိသော်ငြား လည်း ကိုဗစ်နှင့် ရွေးကောက်ပွဲသည် လတ်တလော၌ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံးနှင့် တိုက်ရိုက်သက်ဆိုင် နေသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2020

(၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ဩဂုတ် ၁၃ ရက်တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေး တွင် သဘောတူညီချက် ခုနစ်ချက် ရရှိခဲ့သည်။ ၎င်းသဘောတူညီ ချက်များမှာ အလွယ်တကူ ရရှိခဲ့ခြင်းမဟုတ်ဘဲတွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းများတွင် မတူကွဲပြားမှုများအကြားမှ အပေးအယူ၊ အလျှော့ အတင်းများဖြင့် ညှိနှိုင်းဆွေးနွေးကြကာ သဘောတူညီမှု ရရှိခဲ့ကြ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2020

အွန်လိုင်းမီဒီယာနှင့် မူပိုင်ခွင့်ဆိုင်ရာခေါင်းစဉ်ဖြင့် မြန်မာ့မီဒီယာအရွေ့အပေါ် သုံးသပ် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၁)ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့(၁၇၃၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2020

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ သာသနာ့ဗိမာန်အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြဝတီကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်မြင့် (ခ) ဦးဒိတ်နှင့် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ဦးစိုင်းစိန်လင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2020

မန္တလေးတိုင်း‌ ဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည်သည် ယမန်နေ့ ည ၈ နာရီက အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်း ကြေညာထားမှုကို ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2020

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ယနေ့နံနက်(၈)နာရီက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် ၍ တောင်သူများ လက်ဝယ်အရောက် ပုံစံ(၇)များပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2020

ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ တိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးလှမိုး​အောင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယ​မန်နေ့ နံနက်ပိုင်း က ပုသိမ်တံတားအမှတ် ၂ (ငဝန်မြစ်ကူးတံတား) တည်​ဆောက်​ရေးကို သွား​ရောက်ကြည့်ရှုစစ်​ဆေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2020

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ အတွက် နိုင်ငံတော် အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ်(၂ဝ၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးသည ထောက်ပံငွေများကို ယမန်နေ့ နံနက် ၉ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2020

ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များက ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားသွေးဌာန (ရန်ကုန်) ၌ ယနေ့နံနက်ပိုင်းတွင် စုပေါင်းသွေးလှူဒါန်းကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများက သွားရောက်ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်