May 02, 2021
မတရားအသင်းကြေညာထားသော NUG အမည်ခံ ပြည်ပြေးအစိုးရနှင့် CRPH အမည်ခံ ပြည်ပြေး လွှတ်တော်ကော်မတီတို့၏ ထောက်ပံ့မှုနှင့် ဆူပူအကြမ်းဖက်သူများက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေးတို့ကို ပျက်ပြားစေရန် ဆောင်ရွက်နေမှုများကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှစတင်၍ လုံခြုံရေးအား နေ့ညမပြတ် ပြည့်ဝစွာ ဆောင်ရွက်ပေးလျက် ရှိပါသည်။
May 02, 2021
ပြည်သူလူထု၏ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် အခက်အခဲဖြစ်ပေါ်လျက် ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများ၏ တောင်းဆိုမှုအရ တပ်မတော်ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ဆေးကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
May 02, 2021
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေစေ ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာ ရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
May 02, 2021
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက် ၉ နာရီတွင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် ဧည့်ခန်းမဆောင်၌ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
May 02, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဧပြီ၃၀ ရက်နှင့်မေ ၁ ရက် တို့တွင် ကယားပြည်နယ်ရှိ အားကစားကွင်း အားကစားရုံများ အသစ်တည်ဆောက် နေမှုနှင့်ပြုပြင်မွမ်းမံ နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
May 02, 2021
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက မဲစာရင်းအမှားအယွင်းများ၊ မဲမသမာမှုများကြောင့် ရွေးကောက်ပွဲရလဒ်ကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသဖြင့် အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ တာဝန်ကို တပ်မတော်က မလွှဲမရှောင်သာ ယူခဲ့ရပေသည်။ နိုင်ငံတော်ကို တာဝန်ယူသည်မှာ အာဏာသိမ်းခြင်းမဟုတ်ဘဲ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်နိုင်ရန် ဆောင်ရွက် နေခြင်း ဖြစ်သည်။
May 02, 2021
သတင်းလွတ်လပ်ခွင့်ဟူသည်သတင်းသမား၊ မီဒီယာသမားတို့ အလို လအတောင့်တဆုံးသော အခွင့်အရေးဖြစ်သည်။ လွတ်လပ်စွာ သတင်းအချက်အလက်ရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရေးသားဖော်ပြခွင့်၊ လွတ်လပ်စွာ ဝေဖန်သုံးသပ်ခွင့်စသည့် အခွင့်အရေးများက သတင်း လွတ်လပ်ခွင့်တွင် ပါဝင်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်သည နိုင်ငံများ၊ အကန့်အသတ်ဖြင့် ခွင့်ပြုသည့်နိုင်ငံများ၊ လွတ်လပ်ခွင့် မြင့်မြင့်မားမား ပေးထားသည့် နိုင်ငံများစသည်ဖြင့် ရှိနေကြသည်။ မည်သို့ပင်ဆိုစေ သတင်းလွတ်လပ်ခွင့်နှင့် အစိုးရများ ဟူသည် ချဉ်သီးနှင့် ဆားပမာ။ ။
May 01, 2021
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)၌ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံသည်။
May 01, 2021
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဧပြီ ၃၀ ရက်တွင် မန္တလေး မြို့ရှိ မြန်မာ့မီးရထား၊ မန္တလေးဘူတာကြီး၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ)၊ ရတနာပုံသင်္ဘောကျင်း၊ ဒီဇယ်စက်ခေါင်း စက်ရုံ (ရွာထောင်)၊ လူစီးတွဲနှင့် ကုန်တွဲ စက်ရုံ (မြစ်ငယ်)တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
May 01, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈)ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရွေးချယ်ရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံသည်။
May 01, 2021
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဧပြီ ၂၉ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် အတွင်း ပြန်လည်ထူထောင်ရေးဦးစီးဌာန လက်အောက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း (နမ့်လတ်) သို့ကြည့်ရှုစစ်ဆေးသည်။
May 01, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်း ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ဆေး တက္ကသိုလ် (၁) အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့ရှိ ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ် များ၊ ပါမောက္ခဌာနမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆေးတက္ကသိုလ် ဘွဲ့လွန်/ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ မှာကြား သည်။
May 01, 2021
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက် အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်တွေမြို့၊ ဘုမေရပ်ကွက်၊ တက္ကသိုလ်ရိပ် သာလမ်းရှိ အဆိုပါ ရုံးအဆောက်အအုံသစ်၌ ကျင်းပသည်။
May 01, 2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အရှင်မြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
May 01, 2021
ပြည်ထောင်စုရှေ့နေချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ပြည်ထောင် စုရှေ့နေချုပ်ရုံးနှင့် အဆင့်ဆင့်သော ဥပဒေရုံးများ အရှိန်အဟုန်မပျက်စေရေး အဓိက တိုက်တွန်း အမှာစကား ပြောကြားသည်။
