Aug 18, 2020
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကပ်သပြေ ကျေးရွာတွင် AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ၃ ဦး ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
Aug 18, 2020
ဩဂုတ် ၁၉ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့၏ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများ သို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲနမူနာများ ရယူခြင်းများကို ယနေ့တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ပြုလုပ်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Aug 18, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်း ကြောင့် ထိုင်းနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၅၃ ဦး အား မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Aug 18, 2020
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း လက်စွဲစာအုပ်(မူကြမ်း)ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 18, 2020
စစ်ပွဲများ၏ စတင်ရာမှာ နိုင်ငံရေးဖြစ်သည်။ နိုင်ငံရေးအရ မပြေလည်သည့်အခါ ဘက်နှစ်ဖက် လက်နက်စွဲကိုင်တိုက်ခိုက် ကြသည်။ စစ်ပွဲဟူသည် အင်အားကို အသုံးပြုကာ တစ်ဖက် ရန်သူကို အနိုင်ရရေးနှင့် မိမိတို့အလိုရှိသည့်အတိုင်း နာခံ လာရေးအတွက် အစွမ်းကုန် တိုက်ခိုက်သတ်ဖြတ်ကြခြင်းပင် ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့်စစ်ပွဲများ သို့တည်း မဟုတ် လက်နက်ကိုင် ပဋိပက္ခများမှာ ဆယ်စုနှစ်ပေါင်းများစွာ
Aug 18, 2020
ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာပေါ်၌ မမျှော်လင့်ဘဲ ရုတ်တရက်ပေါ်ပေါက် လာသည့် ရောဂါအသစ်အဆန်းတစ်မျိုး ဖြစ်သည်။ ထိုကပ်ရောဂါအား ကာကွယ်၊ ထိန်းချုပ်နိုင်ရန် ရောဂါကာကွယ်ဆေးကိုလက်တွေ့ရရှိပြီး အသုံးချ နိုင်ရန်လိုအပ်သည်။ ယခုအခါ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စမ်းသပ်တွေ့ရှိပြီဟုဆိုကြသော်လည်း လက်တွေ့တွင် ယုံကြည် စိတ်ချရသည့် တိကျသောရလဒ်ကို ထုတ်ဖော်နိုင်ခြင်းမရှိသေးသဖြင့် ကပ်ရောဂါ အတွက် စိတ်အေးရမည့်အခြေအနေသို့ရောက်ပြီဟု မဆိုနိုင် သေးပေ။
Aug 17, 2020
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ မွန်ပြည် သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွန့် တို့သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ (၁၉) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ- UPDJC အစည်းအဝေး ကျင်းပပြီးစီးမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
Aug 17, 2020
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဩဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် မန္တလေး ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်း MGRG အမြန် ရေယာဉ် ပေါ်၌ မြန်မာ နိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင် များအသင်း (မန္တလေးဇုန်)၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအသင်းနှင့် ခရီးသည် ပို့ဆောင်ရေးအသင်းတို့မှ ဥက္ကဋ္ဌများ၊ တာဝန်ရှိ သူများ နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးသည်။
Aug 17, 2020
ပဉ္စမအကြိမ် သုတေသန နည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှု ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မက်စ် ဟိုတယ်၌ ကျင်းပ သည်။
Aug 17, 2020
ပညာရေးဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
Aug 17, 2020
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြ သော ဦးမြဟန်၊ ဦးမျိုးဝင်း တို့ပါဝင်သည့် အထူးအယူခံ ခုံရုံး သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်း အမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု (၆)မှုကို စီရင်ချက်ချမှတ်သည်။
Aug 17, 2020
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး ခန်းမ ၃ တွင် ယနေ့ နံနက် ၉ နာရီ၌ ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားသည်။
Aug 17, 2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ဂန့်ဂေါမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဂန့်ဂေါမြို့နယ် ကျေးရွာ(၃)ရွာအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းရန်ပုံငွေ ပေးအပ်ခဲ့သည်။
Aug 17, 2020
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့က မယ်စဲ့မြို့နယ် အတွင်းရှိ ဘာသာရေးကျောင်းများသို့ ဆန်၊ ဆီ၊ ဆား အစရှိသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 17, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၁၀)ကျောင်းသို့ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Less Walk Organization တို့မှ ကျောင်းသုံး ဗလာစာအုပ်များနှင့် စက်ဘီး အစီး (၃၀၀) ထောက်ပံ့လှူဒါန်းပေးအပ်ပွဲကို ယနေ့ နံနက်(၉)နာရီက မြို့တော်ခန်းမတွင် ကျင်းပသည်။
Aug 17, 2020
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးဌာန ၀န်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယမန်နေ့နံနက် (၉) နာရီအချိန်က ပုလောမြို့နယ်၊ ကြဲကျေးရွာ မူလွန်ကျောင်း၌ ကြဲကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
Aug 17, 2020
နိုင်ငံတော်အစိုးရအနေဖြင့် အိမ်ရာဝယ်ယူနိုင်စွမ်းမရှိသည့် အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများအတွက် အခန်းပေါင်း ငါးထောင်ကျော် ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၇) လမ်းမကြီးနှင့် အမှတ်(၂) လမ်းဆုံအနီး စံပြစိုက်ပျိုးရေးအထူးဇုန်၌ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်ထံမှ သိရသည်။
Aug 17, 2020
၁။ (၁၆-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 17, 2020
မြန်မာ့ရုပ်ရှင်သည် ရုပ်ရှင်ခေတ်ဦးကာလကတည်းက အနုပညာရသ မြောက်အောင် စွမ်းဆောင် ဖန်တီးနိုင်သောကြောင့် ပြည်တွင်းနယ်ပယ် တွင် သာမက ပြည်ပနယ်ပယ်များသို့ပါ ထိုးဖောက်နိုင်စွမ်း ရှိခဲ့သည်။ ရုပ်ရှင် ဇာတ်လမ်းဇာတ်ကွက်များသည် ခေတ်ကို ထင်ဟပ်ပေါ်လွင် စေသည်။ အနုပညာရှင် များ၏ ဖန်တီးမှုများသည် ဘဝနှင့်ခေတ်ကို တစ်ထပ်တည်းကျစေသည်။ ထို့ကြောင့် အနုပညာ ဂုဏ်မြောက်၍ ထိုးဖောက်အောင်မြင် ခဲ့သည်တို့ကို တွေ့ရမည် ဖြစ်သည်။