Skip to main content

Dec 28, 2020

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျော်ဒန် နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများအား တဲလ်အဗီးမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၆ နာရီခွဲတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ် ရေးလေယာဉ်တွင် Jerash ကုမ္ပဏီတွင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာနိုင်ငံသား (၂)ဦး၊ Rich Pine ကုမ္ပဏီမှ (၁၇)ဦး၊ Century Miracle ကုမ္ပဏီမှ (၃၁)ဦး နှင့် Camel and Vega ကုမ္ပဏီမှ (၁၂၀)၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၇၂)ဦး လိုက်ပါခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁ ခုနှစ် လာမည့်နွေရာသီ ကာလ ရေပြတ်လပ်မှု မရှိစေရေး ဆောင်ရွက်ပေး နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အစီအစဉ်များရေးဆွဲနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနဦးစီးမှူးများနှင့် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ မွန်းလွဲ ၁ နာရီက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

(၂၇-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးရာတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၆၀၆) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမဆောင် အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

ကိုဗစ်-၁၉ ကပ်ရောဂါ ခံစားနေကြရသည့် မြန်မာနိုင်ငံမှ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မွန်၊ ရှမ်းနှင့် ဧရာဝတီစသည့် တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုရှိ ပြည်သူ(၆၀၂၇၂)ဦးအတွက် APTERR Tier-3 အစီအစဉ်အရ ကိုရီးယားနိုင်ငံမှ ဆန်တန်ချိန် (၆၀၀)တန်အား လှူဒါန်းပေးအပ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

“စာပေအနုပညာမူပိုင်ခွင့်နှင့် စာချုပ်များ အသိပညာပေး ဆွေးနွေးပွဲ အပိုင်း ၃ – Copyright and Contracts Webinar: Episode 3” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ ည ၇ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တွင် လူ့အခွင့်အရေး အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသူ သင်တန်းသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် Rights For Life က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးပစ္စည်းများကို ယနေ့ မွန်းလွဲပိုင်းက မြောက်ဥက္ကလာပ အထွထွေရောဂါ ကုနှင့် သင်ကြားရေးဆေးရုံးကြီးသို့ သွားရောက် လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင် မြို့ရှိ ငါး၊ ပုစွန်ဈေးဧရိယာတွင် လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေမှု အခြေအနေအရ ယင်းဧရိယာနှင့် ဆက်စပ်နေထိုင် အလုပ် လုပ်ကိုင်လျက်ရှိကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ အသွားအလာ ကန့်သတ်ခံနေရ သည့် ကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက်က ၎င်းတို့အား အသွားအလာ ကန့်သတ်ပိတ်ပင်ထားရှိသော နေရာသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီး အားပေး စကားပြောကြား ခြင်း၊ အစား အသောက်များ ထောက်ပံ့ပေးခြင်းနှင့် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ထိရောက်စွာ ရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

ခရစ်တော်၏မွေးနေ့ကို အကြောင်းပြု၍ ဆင်နွှဲသည့် ခရစ္စမတ်ပွဲတော်ကို တစ်နိုင်ငံလုံးက အေးချမ်းစွာ ကျော်ဖြတ်ခဲ့ပြီ ဖြစ်ပါသည်။ မကြာမီ ရောက်လာတော့မည့် နှစ်သစ်ကူးကာလကိုလည်း ယခုကဲ့သို့ပင် အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ကြမည်ဟု မျှော်လင့်ယုံကြည်ပါသည်။ ငြိမ်းချမ်းပျော်ရွှင်ဖွယ်နှစ်သစ် ဖြစ်စေကြောင်းကိုလည်း ဆုတောင်းရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2020

မြန်မာနိုင်ငံတွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်း တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့မြင်လာရသည်။ အထူးသဖြင့် ရန်ကုန်မြို့၌ လူတစ်ထောင်ကျော် နေ့စဉ်ဖြစ်ပွားနေရာမှ လူသုံးရာကျော်အထိကျဆင်းလာသည်။ ရောဂါ ဖြစ်ပွားမှု လျော့ကျလာသည်နှင့်အတူ ရန်ကုန်မြို့ရှိ ကိုဗစ်စင်တာအချို့ကို အသင့်အနေအထားဖြင့် စတင်ရပ်နားခြင်း၊ နိုင်ငံအတွင်းရှိ မြို့နယ်အချို့မှ ရပ်ကွက်/ကျေးရွာအချို့ကို နေအိမ်တွင် နေထိုင်ရန်အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ပေးခြင်း စသည့်ဖြေလျှော့မှုများ ပြုလုပ် ပေးလာသည်မှာ ဝမ်းသာစရာဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၄၀) ဦးအား မြန်မာသံရုံး၊ ဒါကာမြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၄ ၄၅) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

GTI ပညာရေး (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖြင့် ဂုဏ်ပြုဝမ်းမြောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

“စာပေအနုပညာမူပိုင်ခွင့်နှင့်စာချုပ်များ အသိပညာပေးဆွေးနွေးပွဲ အပိုင်း (၃)” ဆွေးနွေးပွဲကို ယနေ့ည (၇) နာရီအချိန်က အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆရာ ချစ်ဦးညိုက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

(၂၆-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၆,၆၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၆၀၆) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

(၂၆-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ (၇၃၄) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများသည် မြိုင်မြို့နယ် မြိုင်တောင်ကြိုးပြင် ကာကွယ်တောတွင် စိုက်ပျိုးထားသည့် (၁/၂၀၂၀) ကျေးရွာသုံးထင်းစိုက်ခင်း ဧက ၅၀ အောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်း စစ်ဆေးခဲ့ပြီး မင်းသားကျရွာသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်ညနေ ၅ နာရီအချိန်က ကြိုးပြင်ကာကွယ်တောအတွင်း ပြုလုပ်ရာ တက်ရောက်အားပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

မကွေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ သည် မြိုင်မြို့တွင် တည်ဆောက်မည့် အမှတ်(၂)စျေး (ကုန်စိမ်းစျေး) တည်ဆောက်ရန် လျာထားသည့် မြေနေရာကို ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဂျပန်အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JIP)၏ စီမံမှုဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာရှိ ဒါးကျိုင်းချောင်းကူး တံတားဆောက် လုပ်ရန်အတွက် ပန္နတင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2020

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက သယံဇာတ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ကျုံးကူးတံတား တည်ဆောက် ခြင်းနှင့် အရှေ့မြို့ရှောင်လမ်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ဆက်လက်ဖတ်ရှုရန်