Dec 25, 2020
(၂၄-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ (၉၁၉) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Dec 25, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အ.ထ.က သံလှယ်ကျောင်း၏ ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ်နှင့် ခန်းမဆောင် လွှဲပြောင်းပေးအပ်ပွဲနှင့်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သံလှယ်ကျေးရွာရှိ အဆိုပါ ကျောင်းဆောင်သစ်၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
Dec 25, 2020
ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၇၇ နေရာ ရရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို အတည်ပြုမိန့်ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
Dec 25, 2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်း ဝတ်ဆင်ရေးလှုပ်ရှားမှုနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့ ၈ နာရီတွင် ဆူးလေဘုရားအနီးရှိ မြို့တော်ခန်းမရှေ့ရှိ ကားမှတ်တိုင်နှင့် လူစည်းကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
Dec 25, 2020
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့နံနက်ပိုင်းက ရေးမြို့နယ်သို့ ရောက်ရှိလာပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲသို့ တက်ရောက်ကြောင်းသိရသည်။
Dec 25, 2020
၁၉၀၁ ခုနှစ်ဟူသော ၂၀ ရာစု ခရီးအစမှ ဖြစ်ပျက်ပြောင်းလဲလာသော ကမ္ဘာ ကြီးသည် ၂၀၀၀ ပြည့်နှစ်တွင် ၂၀ ရာစု ခရီးအဆုံးသို့ ရောက်ရှိခဲ့ပေသည်။ တစ်ဖန် ၂၀၀၁ ခုနှစ်မှစတင်၍ ၂၁ ရာစု ခရီးလမ်းသစ်ကို ဖြတ်သန်းလျက် ရှိရာ ယခုအခါ နှစ်ပေါင်း ၂၀ ပြည့်တော့မည်ဖြစ်သည်။ ၂၀ ရာစုနှစ် တစ်ဝက် ပတ်ဝန်းကျင်တွင် ကမ္ဘာကြီးသည် စက်မှုနှင့်အဏုမြူနည်းပညာ တစ်ခေတ် ဆန်းသစ်ခဲ့ပြီးနောက် ၂၁ ရာစုခရီး စတင်သည်နှင့် အိုင်တီနည်းပညာသည် တစ်ခေတ်အသစ်အဆန်း ဖြစ်လာပြန်သည်။ ။
Dec 25, 2020
ယနေ့ (ဒီဇင်ဘာလ ၂၅ ရက်နေ့)သည် ခရစ်ယာန်ဘာသာဝင်တို့ အလေးအမြတ်ပြုကာ ပွဲတော်အဖြစ် ကျင်းပသည့် ခရစ္စမတ်နေ့ ဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က သည်လိုရက်တွင် တမန်တော်ယေရှုကို မွေးဖွားခဲ့သည်ဟု အမှတ်အသားပြု၍ တမန်တော်၏ မွေးနေ့ကို ခရစ္စမတ်ပွဲတော်အဖြစ် သတ်မှတ်ကာ ပျော်ကြ ရွှင်ကြ ကျင်းပကြသည်။
Dec 24, 2020
တပ်မတော်(ရေ)၏ (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များတပ်တော်ဝင် ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။
Dec 24, 2020
ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial complex, KMIC) ပန္နက်တင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ စီမံကိန်း ဧရိယာ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ COVID-19 ကာကွယ်ထိန်းချုပ် ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
Dec 24, 2020
နေပြည်တော် ဒီဇင်ဘာ ၂၄
Dec 24, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန် နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၂) ဦးအား တိုကျိုမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၁၆) ကြိမ်မြောက် All Nippon Airway (ANA) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ် ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Dec 24, 2020
န်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သုမိတ္တာ (၂၅)လမ်း၊ အိမ်အမှတ်(၉၇၁)နေ ဦးမင်းသူ (ယခင် လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့)က ညောင်တုန်းမြို့နယ်အတွင်းမှ ဝန်ထမ်း နှစ်ဦးအား ၎င်းတို့နှင့် ပတ်သက်သော တိုင်စာများ၊ အမှုတွဲများ အဂတိအဖွဲ့သို့ ရောက်ရှိ နေကြောင်း၊ ၎င်းသည် အဂတိကော်မရှင်မှ အတွင်းရေးမှူးဖြစ်ကြောင်း၊ တိုင်စာကိစ္စများအား ကူညီဆောင်ရွက်ပေးနိုင် ကြောင်း ပြောဆိုကာ ဝန်ထမ်းနှစ်ဦးထံမှ ငွေကျပ် သိန်း(၃၀) အား ခြောက်လှန့်တောင်းယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ သည်။
Dec 24, 2020
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ပြုစုရေး ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒုတိယနေ့ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Dec 24, 2020
EIM Myanmar National Technical Committee ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၀)ကို ဒီဇင်ဘာ ၂၃ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Dec 24, 2020
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 24, 2020
တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ကြောင့် Virtual Festival အွန်လိုင်း စနစ်ဖြင့် ကျင်းပနိုင်ရေးလေ့လာဆန်းစစ်သည့် အကြိုညှိနှိုင်း အစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာ နရှိ အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Dec 24, 2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးလိုက်ပါကာ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၈ နာရီအချိန်က မကွေးမြို့နယ် ကံပြားကျေးရွာအနီးရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် PC Myanmar တို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် နှမ်းကုန်ချောထုတ်စက်ရုံ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Dec 24, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ မွန်းလွဲ(၂) နာရီအချိန်က DENKO Trading Co., Ltd မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အလှူငွေများလာရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်းသိရသည်။
Dec 24, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများ ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 24, 2020
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းသည် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုသိမ် - ကံကုန်း - မြင်းကဆိပ်- မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့် မြှင့်တင်ခြင်းစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်း များကို စစ်ဆေးသည်။