Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပိတ်ရက်မရှိတင်သွင်းခွင့်ပြုပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator  (၆၃၅) ခု၊ Test Kit  (၁၀၀၀) ၊ PPE ဝတ်စုံ (၄၄၀) နှင့် ဆိပ်ကမ်းများမှ အောက်ဆီဂျင် (အရည်)အိုး (၁) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၆၁) လုံးအပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ ၊ ကော့သောင်း၊ ထီးခီး၊ ကန်ပိုက်တီ၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်(အရည်) Bowserယာဉ်(၂)စီးဖြင့် (၃၉) တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၁၇) တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် (၀ ဒသမ ၀၇) တန်၊ အောက်ဆီဂျင်အိုး(အခွံ) (၅၉၁၇)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၉၃၉) ခု၊ Covid Test Kit (၄၀၀၀) ၊ PPE ဝတ်စုံ (၈၈၁၀) နှင့် နှာခေါင်းစည်း(Mask) (၇၃) တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ (၂၁) ခုမှ ယာဉ်စီးရေ (၅၀) ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

သြဂုတ်လအတွင်း ယာဉ်စီးရေ (၁၀၇၂) စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၁၀၆၄)တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့်(၂၇၄)တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့်(၇၃) တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၁၂) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၁၃၅၇၅၇)ခု၊ Oxygen Plant(၃၃)ခု၊ ဆေးရုံသုံးအောက်ဆီဂျင်ဖြည့် စက်(၂)ခု၊ အောက်ဆီဂျင်(Generator)(၁၁)ခု၊ အိမ်သုံး အောက်ဆီဂျင်စက်(Oxygen Concentrator) (၈၂၃၆၆) ခု၊ Test Kit (၁၆၁၈၀၈)  ခု၊ PPE ဝတ်စုံ (၅၅၉၈၇၅)၊ လက်အိတ် (၈၃) တန်နှင့် နှာခေါင်းစည်း (Mask) (၁၃၆၇) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

၂၀၂၁ ခုနှစ် ဇူလိုင် (၁) ရက်မှ သြဂုတ် (၂၀) ရက်အထိ ပြည်ပမှတင်သွင်းလာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း (၉၃) စီး၌ ရန်ကုန်မြို့သို့ (၆၈) စီး ၊ မန္တလေးမြို့ သို့ (၁၅) စီး ၊မော်လမြိုင်မြို့သို့ (၄) စီး ၊ ပဲခူးမြို့သို့ (၂) စီး ၊ သထုံမြို့သို့ (၁) စီး၊ သံဖြူဇရပ် မြို့သို့ (၁) စီး၊ မုံရွာမြို့သို့ (၁) စီး၊ နေပြည်တော်သို့ (၁) စီး ဖြစ်ကြောင်း သိရသည်။ Oxygen Plant စုစုပေါင်း (၄၁) ခု၌ ရန်ကုန်မြို့သို့ (၁၁) ခု၊ လားရှိုးမြို့ သို့ (၅) ခု ၊ ပဲခူးမြို့သို့ (၄) ခု ၊ မန္တလေးမြို့သို့(၄)ခု၊ ကျောက်ပန်းတောင်းမြို့(၃)ခု ၊ ပခုက္ကူမြို့သို့ (၂) ခု ၊ ဘားအံမြို့သို့ (၂)ခု၊ မော်လမြိုင်မြို့သို့ (၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ မိုးကောင်းမြို့နှင့် ကျောက်တံခါးမြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင် ရာဌာန များနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

(သတင်းစဉ်)