Jan 27, 2021
ယခုအချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအနေဖြင့် အတိတ်သမိုင်းက အဖြစ်အပျက်အတွေ့အကြုံများကို သင်ခန်းစာယူ၍ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ အကြွင်းမဲ့ချုပ်ငြိမ်းကာ ရေရှည်တည်တံ့ ခိုင်မြဲသည့် စစ်မှန်သောငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည်။ ညီရင်းအစ်ကိုမောင်နှမအရင်းစိတ်ဓာတ်ဖြင့် ညီညီ ညွတ်ညွတ် ဝိုင်းဝန်းအကောင်အထည်ဖော်ရမည့် အချိန်အခါကောင်း ဖြစ်သည်။
Jan 26, 2021
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ သဘောတူညီချက်များ အကောင်အထည် ဖော်ရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစိုးရ ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ Stakeholder များမှ ကျွမ်းကျင် ပညာရှင်များနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ယနေ့နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Jan 26, 2021
အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ Online ဖြင့် ကျင်းပသည်။
Jan 26, 2021
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၃၂) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Jan 26, 2021
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
Jan 26, 2021
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များ ကော်မတီ တို့၏ ဦးဆောင်မှုဖြင့် အမျိုးသားအဆင့်မြင့်ပညာ ဖွံ့ဖြိုးရေးကျောင်း (National Institute for Higher Education Development - NIHED)၊ Advance HE နှင့် ဗြိတိသျှ ကောင်စီတို့ ပူးပေါင်း ကျင်းပသည့် တက္ကသိုလ်စိန်ခေါ်မှုများ (University Challenges) ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Jan 26, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ၂၆-၁-၂ဝ၂၁ ရက်နေ့၊ ( ၁၀ : ၀ဝ) နာရီ အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုဝေးခန်းမ၌ ကျင်းပပြုလုပ်သော ၂ဝ၂၀ - ၂ဝ၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူမည့် လုပ်ငန်းသုံး/ရုံးသုံး စက်ကိရိယာ ပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီမှ စျေးနှုန်းစိစစ်ခဲ့ရာ တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများမှ ယှဉ်တွဲပါစျေးနှုန်းနှင့် အရေအတွက်ဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေငြာအပ်ပါသည် -
Jan 26, 2021
၂၆-၁-၂ဝ၂၁ ရက်နေ့၊ (၁၀ : ၀ဝ)နာရီ အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ၊ ဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် (၂၀၂၁-၂၀၂၂ ပညာသင်နှစ်)အတွက် အခြေခံပညာကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန်နှင့် အခြားပုံနှိပ်လုပ်ငန်းများတို့အတွက်
Jan 26, 2021
မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက် အပြီးသတ် အစီရင်ခံသည့် အစည်းအဝေးအား Virtual ပုံစံဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဝန်ကြီးဌာနတွင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 26, 2021
e-ID စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း စီမံကိန်းလုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 26, 2021
နိုင်ငံတော်အစိုးရမှ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီတို့နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းပြီး ပြည်သူ့အငှားအိမ်ရာ (Public Rental Housing) အခန်းပေါင်း (၁) သောင်း တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 26, 2021
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ဂျောင်ဟေခယောင်း အား ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 26, 2021
(၂၅-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၉,၆၆၇) ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၄၁၁) ဦး တွေ့ရှိရပါသည်။
Jan 26, 2021
နေပြည်တော် ဇန်နဝါရီ ၂၆
Jan 26, 2021
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ကမာရွတ်မြို့နယ်အတွင်းရှိ စံရိပ်ငြိမ် ဂမုန်းပွင့်စင်တာနှင့် Junction Square တို့တွင် Stop ကိုဗစ်-၁၉ အဝါရောင် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့ ညနေ ၅ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 26, 2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ယနေ့ နံနက် (၁၀)နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ရှေးဟောင်းပျူခေတ်လက်ရာ ရွှေအဆင် တန်ဆာများ နိုင်ငံတော်သို့ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ သည်။
Jan 26, 2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးနှင့်
Jan 26, 2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ WYNDHAM GRAND YANGON HOTEL တွင် ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် “Stop COVID အဝါရောင် Campaign” တွင် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) နှင့် ရန်ကုန်မြို့ရှိ ဟိုတယ်များမှ ပူးပေါင်းပါဝင်သည့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။
Jan 26, 2021
ပဲခူးမြို့ သီရိမင်္ဂလာကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါ ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
Jan 26, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးဝယ်ယူရန်အတွက် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံ အလှူငွေများ လာရောက် လှူဒါန်းခဲ့သည်။