Skip to main content

ဂန့်ဂေါ-ကလေးလမ်းဘေးရှိ ကျေးရွာများကို တပ်မတော်က မီးရှို့ပြီး ရွာသားများကို ဖမ်းဆီးသတ်ဖြတ်ဆိုသည့် Khit Thit Media ၏ ရေးသားဖော်ပြချက်မှာ အမှားသာဖြစ်


နေပြည်တော် စက်တင်ဘာ ၁၀

ကလေးမြိုနယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲဝင်များသည် စက်တင်ဘာ လ ၉ ရက်နေ့ နေ့လယ် ၁ နာရီ ၁၅ ချိန်တွင် ဂန့်ဂေါ-ကလေးကားလမ်းအတိုင်း ချီတက်ပြီး နယ်မြေတည်ငြိမ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် မြင်သာကျေးရွာအဝင်၌ PDF အကြမ်းဖက်သမား ၅၀ ခန့်က လက်နက်ငယ်၊ တူမီးသေနတ်၊ တစ်လုံးထိုးသေနတ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF အကြမ်းဖက်သမားများ အရှေ့ဘက်သို ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် PDF အကြမ်းဖက်သမားများထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး တူမီးသေနတ် ၁၁ လက်၊လက်လုပ်တစ်လုံးထိုးသေနတ် ၃ လက်၊ လက်လုပ်စိန်ပြောင်း ၈ လက်၊ လုပ်လေသေနတ် ၁ လက်နှင့်  တစ်လုံးထိုးကျည် ၈၃ တောင့် တိုအား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။