Skip to main content

ဘော်စဲခိုဒေသရှိ တပ်မတော်စခန်းနှစ်ခုကို KNDO၊ KNLA အဖွဲတွေ တိုက်ခိုက်သိမ်းပိုက်ဆိုသည့် သတင်းမှာ သတင်းမှားသာဖြစ်

နေပြည်တော် စက်တင်ဘာ ၁၀

ဘော်စဲခိုနယ်မြေရှိ တပ်မတော်စခန်းနှစ်ခုကို KNDO၊ KNLA အဖွဲများက စက်တင်ဘာလ ၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း  Mizzima မီဒီယာမှ  လှုဆော်ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်အမှန်မှာ  KNLA တပ်မဟာ(၅)အဖွဲများသည်   ဘော်စဲခိုနယ်မြေရှိ  တပ်မတော်စခန်းနှစ်ခုကို  စက်တင်ဘာလ ၉ ရက် နံနက် ၆ နာရီ ၅ မိနစ်က မျက်နှာစာသုံးဘက်မှနေ၍ လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက်ခဲ့သည်။သိုသော် စခန်းရှိ တပ်မတော်သားများက ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည့်အတွက် ၆ နာရီ ၂၅ မိနစ်တွင် ပစ်ခတ်မှု ရပ်တန့်ပြီးဆုံးသွားခဲ့ပြီး စခန်းနှစ်ခုလုံး ရန်သူ့လက်ကျရောက်ခြင်းမရှိဘဲ ယခုအချိန်ထိ တပ်မတော်စစ်ကြောင်းများကသာ နေရာယူကာ လုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။