Mar 21, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 20, 2021
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ COVID-19 ရောဂါ ကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများနှင့် ဆေးမှူးဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့များက ပါဝင်ကူညီတာဝန်ထမ်းဆောင်လျက်ရှိ သည်။
Mar 20, 2021
နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ တည်ထားကိုးကွယ်မည့် နေပြည်တော် ကောင်စီနယ်မြေသို့ ပဥ္စမအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ မြို့နယ်၊ ဆီမီးခုံကျေးရွာအနီး၌ ကျင်းပပြုလုပ်သည်။
Mar 20, 2021
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၀-၃-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
Mar 20, 2021
လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း၏ ပို့ဆောင်ရေးကဏ္ဍတွင် မြန်မာ့မီးရထားသည် ခရီးသည်နှင့် ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် အရေအတွက်များများသယ်ယူ ပို့ဆောင်ပေး နိုင်သဖြင့် မဖြစ် မနေ ပြေးဆွဲပေးရမည့် လုပ်ငန်းတစ်ခုပင်ဖြစ်သည်။
Mar 20, 2021
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းသို့ရောက်ရှိပြီး မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် ရန်ကုန်မြစ် အတွင်း ပြေးဆွဲလျက်ရှိသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တိုးပွားအပျော်စီးသင်္ဘာဖြင့် ရန်ကုန် မြစ်ကြောင်းတစ်လျှောက် လိုက်ပါစီးနင်းကာ တာဝန်ရှိသူများကို ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် လာရောက်အပန်းဖြေ စီးနင်းနိုင်ရေးနှင့် စီးနင်းလိုက်ပါမည့် ပြည်သူများ၏ ဘေးအန္တရယ် ကင်းရှင်းရေးကိုလည်း အထူးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
Mar 20, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့ ည (၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 20, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 20, 2021
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
Mar 20, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် မိုးလေ၀သအခြေအနေ။ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။ ရေပြင်လေ။ အနောက် (သို့) အနောက
Mar 20, 2021
“ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင် (We Care, We Prepare, we Prosper)” ဟူသည့် ယခုနှစ်အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၏ဆောင်ပုဒ် အတိုင်း မိမိတို့အနေဖြင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအားလုံး၏ အန္တရာယ်ကို ကြိုတင်မြော်တွေး၍ ဂရုတစိုက် လေ့လာဆန်းစစ် ခြင်း၊ စိန်ခေါ်မှုများကို မိမိတို့အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုမှ ရရှိလာသောရလဒ်များကို အဖွဲ့ဝင်နိုင်ငံများအချင်းချင်း မျှဝေခံစားခြင်းတို့ကို မလွဲမသွေ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း (၁၈)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးခဲ့သည်။
Mar 20, 2021
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများကို ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။
Mar 20, 2021
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများကို ညွှန်ကြား ရေးမှူး များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပသည်။
Mar 20, 2021
ကမ္ဘာ့ဘဏ် (World Bank)နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ကဏ္ဍ အလိုက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ချေးငွေနှင့် အထောက်အပံ့ စီမံကိန်းများ၏ လက်ရှိဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 20, 2021
ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှု 30 g. (Broadcasting Governing Body-BGB) လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ဗီဒီယိုအစည်းအဝေး စနစ်ဖြင့် ကျင်းပသည်။
Mar 20, 2021
မန္တလေးခရိုင်အတွင်းရှိနိုင်ငံတော်သံဃာ့အဖွဲ့အစည်းဝင်ဆရာတော်ကြီးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ်ထိုးနှံပေးပြီးသော ဆရာတော် ကြီးများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းအခမ်းအနားကို ယနေ့ ညနေ ၃ နာရီက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရှိ မဟာဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပသည်။
Mar 19, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဆူပူအကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အသက်အန္တရာယ်ထိခိုက်စေသည်အထိ အကြမ်းဖက်မှုများ ပြုလုပ်လျက်ရှိသည့် အပြင် အများပြည်သူ အသုံးပြုလျက်ရှိသည့်လမ်းများပေါ်၌ အတားအဆီးများ ချထား၍ ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိခြင်းကြောင့် အေးချမ်းစွာလုပ်ကိုင်စားသောက်လျက်ရှိသော ပြည်သူများ၏ သွားလာရေး အဆင်ပြေစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ကွက်နေ ပြည်သူများဖြင့် ပူးပေါင်းကာ အတားအဆီးများကို ဖယ်ရှားရှင်းလင်းလျက်ရှိသည်။
Mar 19, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်မှ လျှပ်စစ်ပစ္စည်း စက်ရုံတစ်ရုံအတွင်းရှိ ပစ္စည်းများကို လုယူခဲ့သူများအား မတ် ၁၆ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
Mar 19, 2021
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ အနောက်စု ရပ်ကွက်နေ ချောကိုကိုထွန်း၊ အသက်(၂၆)နှစ်၊ မဝင်းဝင်းမော်၊ အသက်(၃၀)နှစ်တို့သည် ၎င်းတို့ ၏ နေအိမ်၌ ဆူပူအကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန်အတွက် ဒေသန္တရလက်လုပ်မီးခိုးမိုင်း များပြုလုပ်လျက်ရှိကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ် ၁၅ ရက် ည ၇ နာရီခန့်တွင် သွားရောက် စစ်ဆေးရှာဖွေခြင်းများပြုလုပ်ရာ မဝင်းဝင်းမော်နှင့်အတူ ယမ်းစိမ်း ၁ ပိဿာ၊ ရောင်စုံဖယောင်း ခဲတံ ၄၈ ချောင်း၊ မီးခိုးမိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် မတ်ခွက် ၂ ခွက်၊ ခဲပြားစက္ကူ ၁ လိတ်၊ ၂ ဒသမ ၅ လက်မခန့်ရှိ ဝါးလုံးထိပ်တွင် သံများ ကန့်လန့်ဖြတ်ရိုက်ထားသည့် သံဆူးတုတ် ၁၂ ချောင်း၊ သံတုတ် ၃ ချောင်းနှင့် မီးခိုးမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ချောကိုကိုထွန်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရှိ ရသည်။