Skip to main content

မန္တလေးတိုင်းဒေသကြီး၌ ငွေကျပ် ၄ ဒသမ ၁၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇၆ သန်း ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ငွေကျပ် ၄ဒသမ၁၄ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ဒသမ ၇၆ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

စစ်ဆေးဖော်ထုတ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် စွယ်တော်ကားဝင်းရှိ Nissan Diesel ၁၀ဘီးမော်တော်ယာဉ်ကို သတင်း အရရှာဖွေရာ ယာဉ်မောင်း ရန်ပြေအေး (၄၄)နှစ်နှင့်အတူ ယာဉ်ပေါ်ရှိ ခရမ်းချဉ်သီးသေတ္တာများ အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ် ဒသမ ၁၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ဒသမ ၇၆ သန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိ  စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ် (တောင်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်